မိုးတွေ ရွာတိုင်း

0
506

မိုးဟု ဆိုလိုက်လျှင် ယခုတော့ ထီးနှင့် မိုးကာများကိုသာ ပြေးမြင်ကြ တော့မည်။
ထိုသို့မြင်သူများတွင် တချိန်က ဝါး၊ သစ်ရွက်ဝါးရွက်ဖြင့် ပြုလုပ်သော လက် လုပ်မိုးကာပစ္စည်းများကိုသာ အသုံးပြုခဲ့ ကြသူများလည်း ပါဝင်နိုင်သည်။
စာသင်ကျောင်းများတွင် ယခု ထီး များချိတ်ထားသည့်နေရာတွင် တချိန်က ဝါးခမောက်များ ချိတ်ဆွဲထားခဲ့ဖူးသည် ဟုဆိုလျှင် ယနေ့ခေတ် ကျောင်းသားငယ် လေးအတွက် ယုံတမ်းစကား ဖြစ်သွား နိုင်သည်။

မိုးရာသီတိုင်း ဝါးခမောက်ဆောင်း ကာ ကျောင်းသွားခဲ့ဖူးသူတို့သည် ယခု အချိန်တွင် သက်လတ်ပိုင်းသို့ ရောက် နေကြပါပြီ။
မူလတန်းကျောင်းသူဘ၀က ဝါး ခမောက်ဆောင်း ကျောင်းသွားခဲ့သည်ဆို သော ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှ ဒေါ်ရီရီစန်းသည်ပင် အသက် ၅၂ နှစ် ရှိလေပြီ။
ထိုစဉ်က ခမောက်အသေးတစ်လုံး ပြားငါးဆယ်၊ အကြီးဆိုက တစ်ကျပ်၊ ငါးမတ် ကျသင့်ပြီး ကျောင်းနေဖက် သူငယ်ချင်း အချို့ကမူ အဲယွန်းခေါ် ခမောက်အရှည်ကို ဆောင်းကြသည်။ လူကုံထံ သားသမီးအနည်းငယ်သာ ဖဲထီး ဆောင်ကြကြောင်း ဒေါ်ရီရီစန်းက ပြောပါသည်။

“အန်တီငယ်ငယ်က ခမောက်တစ် လုံး တစ်နှစ်အနည်းဆုံး အသုံးခံတယ်။ သေသေချာချာ မီးခိုစင်ပေါ်တင်ပြီးသုံးရင် ၂ နှစ်၊ သုံးနှစ်နေမှ ခမောက်အသစ်တစ် လုံး ပြန်ဝယ်ရတာ”ဟု ဒေါ်ရီရီစန်းက ပြောပါသည်။
ထန်းရွက်ခမောက်၊ နှီးခမောက်များ ကို မိုးရာသီအကုန်တွင် တညင်ဆီ၊ ရေနံဆီ (ရေနံမဲ) များ သုတ်လိမ်းကာ မီးဖိုကြပ်ခိုးစင်ပေါ်တင်ပြီး ဂရုတစ်စိုက် သိမ်းလေ့ရှိကြပြီး အသိမ်းအဆည်း ကောင်းပါက ၆ နှစ်အထိပင် အထားခံ ကြောင်း မြိတ်မြို့နယ်၊ တုံးပျောရွာမှ အသက် ၅၂ အရွယ် ရှိဦးစိုးမင်းက ပြန်ပြောင်း ပြောပြသည်။

လွန်ခဲ့သောနှစ် ၂၀ က တုံးပျော ရွာတွင် ခမောက်တစ်လုံး၏ တန်ဖိုးမှာ ၂ ကျပ်မှ ၃ ကျပ်အထိ ရှိခဲ့ သည်။
မိုးရာသီရောက်လျှင် ထန်းရွက် ခမောက်ကိုယ်စီဆောင်းပြီး မိုးကာ အင်္ကျီအဖြစ် ပလတ်စတစ် ဓာတ်မြေဩဇာ အိတ်ခွံကို လည်ပင်းနှင့် လက်နှစ်ဖက် တွင် အပေါက်များ ဖောက်ကာ ကောက် စိုက် လယ်ထွန်ဆင်းကြသည်ဟု ဦးစိုးမင်း က ပြောပြသည်။
“မိုးဘယ်လောက်ကြီးကြီး လုံနေ တာပဲ”ဟု ဦးစိုးမင်းက ဆိုသည်။
ထားဝယ်မှ အဲယွန်းဟု ခေါ်သော ခမောက်ရှည်ကိုမူ မြိတ်တစ်ဝိုက်တွင် အင်းယောင်းဟု ခေါ်သည်။
ဓနိဖက်ရွက်ရှည်ရှည် လှလှများကို တစ်ရွက်ချင်း ကြိမ်ဖြင့်သီပြီး ဆောင်းရ သည့် အင်းယောင်းက ခေါင်းမှ ခြေသလုံး အထိ မိုးလုံပြီး မိုးရွာသည့် ဖက်သို့ လိုက် ပြီးကာနိုင်သည်။ အချို့က အင်းယောင်း ပိုအထားခံအောင် ပလတ်စတစ် ဓါတ် မြေဩဇာအိတ်ဖြင့် ကွပ်ထားကြသေး သည်။

“ခုခေတ်လူငယ်တွေ မြင်ဖူးဖို့ မပြောနဲ့၊ ကြားဖူးမှာတောင် မဟုတ်ဘူး” ဟု ဦးစိုးမင်းက ဆိုသည်။
ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက်မှ အသက် ၄၀ အရွယ် အမျိုး သမီးတစ်ဦးကမူ ငယ်စဉ် ကျောင်းသွား ချိန် ၂ နှစ်ခန့်သာ ခမောက်ဆောင်းဖူး ကြောင်း ပြောကြားသည်။
“ခမောက်ကလေတိုက်ရင် လွင့် တယ်၊ ပြီးတော့ထားဖို့နေရာ အခက်အခဲ ရှိတော့ ဒီအချိန်မှာ ထီးက ပိုအသုံးဝင် တယ်”ဟု ၎င်းက ပြောသည်။

မြိတ်တွင်မူ လက်လုပ်မိုးအကာ အကွယ်ပစ္စည်းလေးများ ရောင်းနေရဆဲ ဖြစ်သည်။
ထန်းရွက်ခမောက်၊ နှီးခမောက်၊ ဝါးဖတ်ခမောက် များကိုရောင်းချနေ သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည့် မြိတ်မြို့၊ နောက်လယ် ၃ လမ်းရှိ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်မှ ဦးမြင့်ဇော်က ပြောသည်။
“အရင် လေးငါးနှစ်ကထက်တော့ နည်းနည်း ဝယ်သူနည်းသွားတာ လောက် ပဲရှိတယ်”ဟု ဦးမြင့်ဇော်က ပြောသည်။
လက်ရှိ ခမောက် တစ်လုံးကို ကျပ် တစ်ထောင်မှ နှစ်ထောင်အထိရှိပြီး တစ်ရာသီလျှင် အလုံး ၂၀၀ မှ ၃၀၀ အထိ ရောင်းနေရဆဲဟု ၎င်းက ပြောသည်။

အချို့ကား လက်လုပ်ခမောက်များ ကို စွဲစွဲမက်မက် ဆောင်းနေကြဆဲ ဖြစ် သည်။
ဖက်ခမောက်၊ ထန်းရွက် ခမောက် တို့ကို မပြတ်တမ်းဆောင်းလာသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိနေပြီဖြစ်ပြီး ယနေ့ အထိလည်း ဆောင်းနေဆဲဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်တံတားတွင် သဗ္ဗာန် လှေမောင်းသူ အသက် ၅၀ အရွယ်ရှိ ဦးဝင်းညွန့်က ဆိုသည်။
“တစ်လုံးကုန်(ပျက်) တစ်လုံး ဝယ်ပြီး နွေရောမိုးပါ ဆောင်းတယ်၊ အလုပ်လုပ်ရာမှာ အဆင်ပြေလို”ဟု သဗ္ဗာန်သမားကြီးက ပြောသည်။
မြို့ပြများ၌ ဝါးခမောက်ဖြင့် ကျောင်းသွားသူ မရှိတော့သော်လည်း တနင်္သာရီတိုင်းအတွင်း အစုအဖွဲ့လိုက် ဝါးခမောက်ဆောင်းသူတို့ကိုမူ တွေ့နေ ရဆဲဖြစ်သည်။

ထိုသူတို့ကား ဝါတွင်းအဖိတ် နေ့တိုင်း အလှူခံထွက်သည့် ဥပသကာ အဖွဲ့များ ဖြစ်သည်။
ထားဝယ်တွင် အဲယွန်း၊ မြိတ်တွင် အင်းယောင်းဟု ခေါ်သော ခမောက် ရှည်တို့ကား ဆောင်းသူမရှိသလောက် ရှားလှပေပြီ။