မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၂၆၀ ကျော်၊ တစ်ဦးသေဆုံး

0
462

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ တဖြည်းဖြည်း များပြားလာပြီး ဇန်နဝါရီလမှ ဇွန်လ ၂ ရက်အထိ စာရင်းအရ ရောဂါဖြစ်ပွားသူ ၂၆၀ ဦးကျော်ရှိကာ သေဆုံးသူ ၁ ဦး ရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဌာနထံမှ သိရသည်။
ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှု အများဆုံးမှာ မော်လမြိုင်မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ရေးမြို့နယ်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

မွန်တွင် ရောဂါအများဆုံး ကူးစက်ခံရသည့် အသက်အရွယ်သည် အသက် ၅ နှစ်မှ ၉ နှစ်အရွယ်အကြား ကလေးအုပ်စုများဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်က ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က ကလေးများတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဖြစ် သော်လည်း ယခုနောက်ပိုင်းတွင် ကလေးများတွင်သာမက လူကြီးများပါ ကူးစက်ဖြစ်ပွားသည်။

မွန်ပြည်နယ်သည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြဲစောလေ့ ရှိသည်။
“ဒီလို အခြေအနေသည် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးအတွက် လုပ်ရမယ့်အချိန်ဖြစ်တယ်”ဟု နေပြည်တော် ဗဟိုငှက်ဖျား တိုက်ဖျက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး (သွေး လွန်တုပ်ကွေး/ ဆင်ခြေ ထောက်) ဒေါက်တာဇော်လင်းက ပြောသည်။

သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွား မှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ် ကြိမ်အဖြစ်များတက်သည့် သဘောသဘာဝရှိပြီး မွန်ပြည်နယ်တွင် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တို့တွင် အဖြစ်များခဲ့ပြီး အသေ အပျောက်လည်း ရှိခဲ့သည်။