မူလတန်းကျောင်းသားများ တစ်ပတ်နှစ်ရက်နှုန်း လေ့ကျင့်ရမည်

0
530

မူလတန်းကျောင်းသား၊ ကျောင်း သူများ သွားတိုက်ရာတွင် စနစ်ကျစေရန် တစ်ပတ်လျှင် နှစ်ရက်နှုန်း လေ့ကျင့်ပေး မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးနှင့် ဒေသန္တရ ကျန်းမာရေးဌာန ထားဝယ် မြို့နယ် အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာအိအိခိုင်က ပြောသည်။

မြို့နယ်အတွင်း အခြေခံပညာကျောင်း အသီးသီးရှိ မူလတန်းကျောင်းသား၊ ကျောင်းသူများ စနစ်မှန်သွား တိုက်တတ် စေရန် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့တို့တွင် သွားဆရာဝန်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို သင်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နေ့လယ်စာ စားပြီးချိန်မှာ သင် သွားမှာပါ၊ မူလတန်းကျောင်းသားတွေကို အဓိက ရည်ရွယ်တယ်”ဟု ဒေါက်တာ အိအိခိုင်က ပြောသည်။

ယင်းအစီအစဉ်ကို ယမန်နှစ်က စတင် ခဲ့သော်လည်း ကောင်းစွာ လုပ်ဆောင်နိုင် ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ကလေးများအပါအဝင် လူသား အားလုံး နံနက်အိပ်ရာထချိန်နှင့် ညအိပ်ရာ ဝင်ချိန်တို့တွင် ပုံမှန်သွားတိုက်သင့်ကြောင်း ဒေါက်တာအိအိခိုင်က အကြံပြုသည်။