မြိတ်-ထားဝယ် ကားလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ ခြောက်ဦး ဒဏ်ရာရ

0
404

မြိတ်-ထားဝယ် အပြေးကားလမ်း မပေါ်ရှိ မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ် စု ကြက်မအုပ်ကျေးရွာအနီးတွင် ဇွန်လ ၈ ရက်က ခရီးသည်တင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း ယင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။

မြိတ်မှ ထားဝယ်ဘက်သို့ မောင်း နှင်သည့် အန်စာတုံးအမျိုးအစား (ခရီး သည် ၁၂ ဦးခန့်စီး) မော်တော်ယာဉ်သည် တစ်ဖက်ယာဉ်ကြောရှိ ထားဝယ်ဘက်မှ မြိတ်သို့မောင်းနှင်လာသည့် ရွှေဝယ် ရတနာ ခရီးသည်တင် မှန်လုံယာဉ် အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း သမုတ်နယ် မြေရဲစခန်း ထံမှ သိရသည်။

“အန်စာတုံးကားက လက်ကိုင် ပေါက်(လှည့်)သွားတယ်ထင်တယ် တစ် ဖက်ယာဉ်ကြောကို ရောက်သွားပြီး မှန်လုံယာဉ်ကြီးနဲ့ တိုက်မိတာ”ဟု ပပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောဦး က ပြောသည်။
ယာဉ်တိုက်မှုကြောင့် အန်စာတုံး ယာဉ်ပေါ်ပါ အသက် ၄ နှစ်ရှိ ယောက်ျm; လေး တစ်ဦး၊ ၇ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဒဏ်ရာများ ရရှိ ခဲ့ကြသဖြင့်မြိတ်ပြည်သူ့ဆေးရုံကြီသို့တင်ပို့ခဲ့ရကြောင်း သမုတ်နယ်မြေ ရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အန် စာတုံးယာဉ်မောင်းအား သမုတ်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းထံမှ သိရ သည်။