မြေတိုက်ကျောင်းဆောင် မူလနေရာတွင် မူလပုံစံအတိုင်း အသစ်ပြန်ဆောက်မည်

0
369

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ သည့် ထားဝယ်မြို့ရှိ မြေတိုက်ကျောင်း ပင်မကျောင်းဆောင်နေရာတွင် မူလ ကျောင်းဆောင်နှင့်ပုံစံတူ ကျောင်း ဆောင်အသစ် ပြန်ဆောက်မည်ဖြစ် ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့် ကြားသည်။
နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ မူလ ပင်မ ကျောင်းဆောင် ဧည့်ခမ်းဆောင်တွင် သစ်သားတိုင် ၄၉ တိုင်နှင့် ဘုရားခန်း ဆောင်တွင် သစ်သားတိုင် ၂၈ တိုင် စုစုပေါင်းတိုင် ၇၇ တိုင်ရှိပြီး အသစ် ဆောက်မည့် ကျောင်းဆောင်တွင်လည်း ယင်းတိုင်လုံးအရေအတွက်အတိုင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ဆရာတော် က မိန့်ကြားသည်။

“ပြန်ဆောက်မယ့် အစီအစဉ်ရှိလို့ ဒီ အတိုင်း( မီးလောင်ကျွမ်းထားသည့်ပုံစံ အတိုင်း)ထားထားတာ။ သူ့လက်ရာ အတိုင်း အားလုံးပြန်လုပ်မယ်”ဟု ဆရာတော်ကမိန့်ဆိုသည်။
ကျောင်းဆောင် မီးလောင်စဉ်က မီးမလောင်ဘဲ ကျန်နေသော အသုံးပြုရ နိုင်မည့် သစ်သားတိုင်များကိုလည်း ကျောင်းဆောင်အသစ်တွင် ပြန်အသုံးပြု မည်ဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။

ယင်းကျောင်း စတင်ဆောက်လုပ် မည့်အချိန်ကို မသိရသေးဘဲ လက်ရှိတွင် လိုအပ်သည့် ပစ္စည်းများ စုဆောင်းလျက် ရှိပြီး ပစ္စည်းများပြည့်စုံပါက အချိန် မဆိုင်းဘဲ ချက်ချင်း ဆောက်လုပ်မည်ဖြစ် ကြောင်း ဆရာတော်က မိန့်သည်။
မြေတိုက်ကျောင်းသည် ထားဝယ် သူ၊ ထားဝယ်သားများအတွက် အရေးပါ သော ရှေးဟောင်း အမွေအနှစ် ဖြစ်သော ကြောင့် တိုင်းအစိုးရအနေဖြင့်လည်း စီမံကိန်းတစ်ရပ် ချမှတ်ပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သင့် ကြောင်း ထားဝယ် သုတေသနအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

“ဒီကျောင်းဆောင်ကြီးက ထားဝယ် အတွက် အသည်းနှလုံးပါ။ အဲဒီလိုပြန် ဆောက်တာကို အင်မတန် ဝမ်းသာပါ တယ်”ဟု ဦးဇော်သူရက ဆိုသည်။
မြေတိုက်ကျောင်းအတွင်းရှိ နှစ် ၁၅၀ သက်တမ်းရှိသည့် အလျား ၁၄၀ ပေ၊ အနံ ၁၀၀ ပေ၊ အမြင့် ၃၀ ပေရှိ ခြေတံရှည် တစ်ထပ် သစ်သားကျောင်း ဆောင်သည် မေလ ၁၁ ရက်က မီး လောင်ကျွမ်းခဲ့ပြီး ဂဏဝိမုတ် စာချွန် တော်နှင့် ရှေးဟောင်းပစ္စည်းအချို့ မီးထဲ ပါသွားခဲ့သည်။
မြေတိုက်ကျောင်းဆောင် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ အပြီး လပိုင်းသာခြားကာ မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်သည်။