၁၉ ကြိမ်မြောက်အာဆီယံ တက္ကသိုလ် များ အားကစားပြိုင်ပွဲအတွက် ထားဝယ် တက္ကသိုလ် ကျောင်းသားနှစ်ဦး ပဏာမ လက်ရွေးစင်အဖြစ် အရွေးချယ်ခံ ထားရ ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရ သည်။ ပဏာမလက်ရွေးစင်အဖြစ် ဘတ် စကက်ဘော ကစားသမားတစ်ဦးနှင့် ပြေးခုန်ပစ်ကစားသမားတစ်ဦးရွေးချယ် ခံထားရပြီး နေပြည်တော်နှင့် ရန်ကုန် တွင်လေ့ကျင့်ရေး စခန်းဝင်ရောက်နေ ကြောင်း ထားဝယ် တက္ကသိုလ်အားကစား ဌာနမှ ဦးစီးအရာရှိ ဦးစံဌေးက ပြောသည်။ ]]လက်ရွေးစင် ဖြစ်မဖြစ်ကတော့ ဒီဇင်ဘာမှ သိရမယ်}}ဟု ဦးစံဌေးက ပြောသည်။ ယင်းအားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှ စတင်ကာ ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပလျှက်ရှိပြီး ၁၉ ကြိမ်မြောက် ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လာမည့် ဒီဇင်ဘာလတွင် လက်ခံကျင်းပ မည်ဖြစ်သည်။ ယင်းအားကစားပြိုင်ပွဲတွင် ဘော လုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ် စကက်ဘော စသည့် အားကစားနည်း ၁၆ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထားဝယ်တက္ကသိုလ်တွင် ယခု ပညာသင်နှစ် ဒုတိယနှစ်ဝက်တွင်လည်း အားကစားပြိုင်ပွဲ လေးမျိုးကျင်းပရန် စီစဉ်ထားပြီး ထူးချွန်သူများကို အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးစံဌေး ကပြောသည်။ ယင်းအားကစားအမျိုး အစားများ မှာ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ကာယဗလမောင်နှင့် ကာ ယအလှမယ် ပြိုင်ပွဲတို့ဖြစ်ကြောင်း အား ကစားဌာနထံမှ သိရသည်။ ထီးခီးနယ်စပ်မှဝင်သည့် ဟင်းသီး ဟင်းရွက်များ ပိုးမွှားကင်းကြောင်းစင်လက်မှတ်ပါမှ တင်သွင်းခွင့်ပြုမည်

0
413

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထီးခီးနယ်စပ်တွင် ဟင်းသီးဟင်းရွက် များကို ပိုးမွှားကင်းစင်ကြောင်း အသိ အမှတ်ပြု လက်မှတ်ရှိမှသာ တင်သွင်း ခွင့်ပြုတော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
လက်ရှိ ထီးခီးနယ်စပ်တွင် သီးနှံ များ ပိုးမွှားကင်းစင်မှုရှိ^မရှိ စစ်ဆေး သည့် ဓာတ်ခွဲခန်းအဆောက်အအုံမှာ ဆောက်လုပ်ဆဲဖြစ်သည့်အတွက် ဓာတ် ခွဲပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး ရုံးတွင် ယာယီထားရှိကာ စစ်ဆေးမည် ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ယခင်က ထီးခီးနယ်စပ်တွင် ပိုးမွှား ကင်းစင်မှုရှိ/မရှိ စစ်ဆေးနိုင်ခြင်း မရှိ ပေ။
တင်သွင်းမည့် သီးနှံများကိုလည်း ထိုင်းနိုင်ငံဘက်မှ ပိုးမွှားကင်းစင် ကြောင်း အသိအမှတ်ပြုလက်မှတ် ပါရှိ မှသာ ထီးခီးနယ်စပ်တွင် စစ်ဆေးပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ ပိုးမွှားကင်းစင် ကြောင်း အသိမှတ်ပြုလက်မှတ် မပါပါ က ထီးခီးနယ်စပ်တွင် စစ်ဆေးပေးမည် မဟုတ်သည့်အပြင် ဝင်ခွင့်လည်း ပေး မည် မဟုတ်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ထီးခီးနယ်စပ်တွင် စစ်ဆေးပြီးပိုး မွှား ကင်းစင်ပါက အသိမှတ်ပြုလက်မှတ် တစ်စောင်ထပ်မံထုတ်ပေးမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် ထီးခီးနယ်စပ်ကို ဖြတ် သန်းပြီး အစစ်ဆေးခံချိန်တွင် ဟင်းသီး ဟင်းရွက်တင် ကားတစ်စီးလျှင် သီးနှံ အမယ် နှစ်မျိုးသာ တင်ဆောင်ခွင့်ပြု မည်ဖြစ်ပြီး ပိုးမွှားကင်းစင်ကြောင်း စစ် ဆေးပြီးမှသာ ကုန်သည်အချင်းချင်း ကုန်ပစ္စည်းချင်း ဖလှယ်ကာ တင်ဆောင် နိုင်ကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ဆိုသည်။

ပိုးမွှားကင်းစင်ကြောင်း စစ်ဆေး မည်ဆိုပါက တိတိကျကျလုပ်ရန် လို အပ်ပြီး နောက်ပိုင်းအထိ တစိုက်မတ်မတ် လုပ်ရန် လိုအပ်ကြောင်း ထီးခီးနယ်စပ်သို့ အမြဲဝင်ထွက်သွားလာနေသူတစ်ဦးဖြစ် သည့် အသက် ၂၆ နှစ်အရွယ် အမျိုး သားတစ်ဦးက ဆိုသည်။
“စနစ်တကျစစ်ဆေးမယ်ဆို စားသုံး သူ ပြည်သူတွေ ကျန်းမာရေး အတွက် စိတ်ချလက်ချ စားသုံးနိုင်တာ ပေါ့”ဟု အဆိုပါ အမျိုးသားက ပြော သည်။
ယင်းအပြင် ဟင်းသီးဟင်းရွက်တင် ကားများတွင် အေးခဲအသားများ တင် ဆောင်မှု မရှိစေရန် တင်းတင်းကြပ်ကြပ် စိစစ်ခိုင်းထား ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။

ထီးခီးနယ်စပ်မှတစ်ဆင့် ထားဝယ် ဒေသအတွင်းသို့ တစ်ရက်လျှင် ဟင်းသီး ဟင်းရွက်တင် ကားအစီးရေဆယ်ချီ နေ့စဉ်ဝင်ရောက် လျက်ရှိသည်။