အာဆီယံ အားကစားပြိုင်ပွဲ ပဏာမလက်ရွေးစင် ထားဝယ်တက္ကသိုလ် ကျောင်းသားနှစ်ဦး အရွေးခံရ

0
411

၁၉ ကြိမ်မြောက်အာဆီယံ တက္ကသိုလ် များ အားကစားပြိုင်ပွဲအတွက် ထားဝယ် တက္ကသိုလ် ကျောင်းသားနှစ်ဦး ပဏာမ လက်ရွေးစင်အဖြစ် အရွေးချယ်ခံ ထားရ ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရ သည်။
ပဏာမလက်ရွေးစင်အဖြစ် ဘတ် စကက်ဘော ကစားသမားတစ်ဦးနှင့် ပြေးခုန်ပစ်ကစားသမားတစ်ဦးရွေးချယ် ခံထားရပြီး နေပြည်တော်နှင့် ရန်ကုန် တွင်လေ့ကျင့်ရေး စခန်းဝင်ရောက်နေ ကြောင်း ထားဝယ် တက္ကသိုလ်အားကစား ဌာနမှ ဦးစီးအရာရှိ ဦးစံဌေးက ပြောသည်။

“လက်ရွေးစင် ဖြစ်မဖြစ်ကတော့ ဒီဇင်ဘာမှ သိရမယ်”ဟု ဦးစံဌေးက ပြောသည်။
ယင်းအားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှ စတင်ကာ ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပလျှက်ရှိပြီး ၁၉ ကြိမ်မြောက် ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လာမည့် ဒီဇင်ဘာလတွင် လက်ခံကျင်းပ မည်ဖြစ်သည်။
ယင်းအားကစားပြိုင်ပွဲတွင် ဘော လုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ် စကက်ဘော စသည့် အားကစားနည်း ၁၆ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထားဝယ်တက္ကသိုလ်တွင် ယခု ပညာသင်နှစ် ဒုတိယနှစ်ဝက်တွင်လည်း အားကစားပြိုင်ပွဲ လေးမျိုးကျင်းပရန် စီစဉ်ထားပြီး ထူးချွန်သူများကို အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးစံဌေး ကပြောသည်။
ယင်းအားကစားအမျိုး အစားများ မှာ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ကာယဗလမောင်နှင့် ကာ ယအလှမယ် ပြိုင်ပွဲတို့ဖြစ်ကြောင်း အား ကစားဌာနထံမှ သိရသည်။