တက္ကသိုလ်ဝင်တန်း မြန်မာစာ ဂုဏ်ထူးထွက်သူ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံး

0
626

တနင်္သာရီတိုင်းတွင်၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း တွင် မြန်မာစာ ဂုဏ်ထူးထွက်သူ ၁၇ ဦး ရှိပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူး ရုံးထံမှ သိရသည်။ တိုင်းပညာရေးမှူးရုံး၏ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆယ်နှစ်တာ စာရင်းအရ ၂၀၁၈ ခုနှစ်တွင် မြန်မာစာ ဂုဏ်ထူးထွက်သူဦးရေမှာ အများဆုံးဖြစ် ပြီး ဒုတိယအများဆုံးအဖြစ် ၂၀၁၇ ခုနှစ် က ၁၂ ဦးရှိခဲ့သည်။ ယခုနှစ်တွင် မြန်မာစာဂုဏ်ထူး ထွက်သူများခြင်းမှာ မြန်မာစာမေးခွန်း လွယ်ကူခြင်းသည် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း တက္ကသိုလ်ဝင်တန်းဆရာ ဆရာမ အသိုင်းအဝိုင်းထံမှ သိရသည်။ “ဒီနှစ်မြန်မာစာ မေးခွန်းက ထင် ထားတာထက် ပိုလွယ်နေတယ်။ (ဂုဏ် ထူးထွက်တာ) အဲတာကြောင့်လည်း ပါမယ်ထင်တယ်” ဟု လောင်းလုံးမြို့ အထက်တန်းကျောင်းမှ အထက်တန်း မြန်မာစာပြ ဆရာမ ဒေါ်စန္ဒာအောင်က ဆိုသည်။ မြန်မာစာ ဂုဏ်ထူးထွက်သူများမှာ မြိတ်မြို့နယ်မှ ၁၁ ဦးရှိပြီး၊ ထားဝယ်၊ လောင်းလုံး၊ ပုလောမြို့နယ်တို့မှ နှစ်ဦးစီ ပါဝင်ကြောင်း တိုင်းပညာရေးမှူး စား ရင်းများအရ သိရသည်။

စဉ် ခုနှစ် ဦးရေ
၁ ၂၀၁၈ ၁၇
၂ ၂၀၁၇ ၁၂
၃ ၂၀၁၆ ၇
၎ ၂၀၁၅ ၈
၅ ၂၀၁၄ ၁၁
၆ ၂၀၁၃ ၃
၇ ၂၀၁၂ ၁
၈ ၂၀၁၁ ၁
၉ ၂၀၁၀ ၃
၁၀ ၂၀ဝ၉ ၂