ထားဝယ်အထူးစီးပွားရေးဇုန် Master Plan လာမည့် ဩဂုတ်လတွင် ပြည်သူများကို ရှင်းလင်းဆွေးနွေးမည်

0
491

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) က ရေးဆွဲထားသည့် ထားဝယ်အထူး စီးပွားရေးဇုန် Master Plan ကို လာ မည့် ဩဂုတ်လတွင် ပြည်သူများအား ရှင်းလင်း ဆွေးနွေးမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှု ကော်မတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ မြင့်ဆန်းက ပြောသည်။ လက်ရှိတွင် Master Plan အကြမ်းထွက်နေပြီဖြစ်ပြီး ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် သက်ဆိုင် ရာဌာနများကို လာရှင်းပြခဲ့ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။ Master Plan နှင့်ပတ်သက်၍ ပြည်သူများကို တိုင်းအတွင်းရှိ ခရိုင် မြို့ကြီးသုံးမြို့တွင် ရှင်းလင်းဆွေးနွေးရန် JICA ကို မေတ္တာရပ်ခံထားကြောင်း ၄င်းက ပြောသည်။ ဌာနများက Master Plan ပါ အချက်များကိုလေ့လာသုံးသပ်ကာ ဖြည့်စွက် အကြံပြုချက်များ ထည့်သွင်း နိုင်ရေးအတွက် အချိန်တစ်လပေးထား ကြောင်း ဒေါက်တာမြင့်ဆန်းက ပြော သည်။ ဝန်ကြီးဌာနများက အကြံပြုချက် များ ဖြည့်စွက်ပြီးပါက Master Plan အချောသပ်ထွက်လာမည်ဖြစ်ပြီး ပြည် ထောင်စုအစိုးရထံ တင်ပြမည်ဖြစ် ကြောင်း ၄င်းက ဆိုသည်။ “ဖိုင်နယ်ထွက်လာပြီး အစိုးရအဖွဲ့ ကို တင်ပြပြီးဆိုရင်တော့ Public Consultation (လူထုတွေ့ဆုံ ဆွေးနွေး ပွဲ)လုပ်ဖို့ မေတ္တာရပ်ခံထားတယ်”ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။ အဆိုပါ Master Plan တွင် ၂၀၁၈ မှ ၂၀၃၀ အထိ တစ်ပိုင်း၊ ၂၀၄၀ အထိကို ဒုတိယအပိုင်းနှင့် ၂၀၅၀ ခုနှစ် အထိကို တတိယအပိုင်းဟူ၍ နှစ်အပိုင်း အခြားအလိုက် အကောင်အထည်ဖော် မည့် အပိုင်း ၃ ပိုင်းပါဝင်ကြောင်း ၄င်းက ရှင်းပြသည်။ ယခင်က ထိုင်းနိုင်ငံက ရေးဆွဲ ထားသည့် Master Plan ရှိခဲ့ပြီး လက်ရှိ JICA က ရေးဆွဲထားသည့် Master Plan က အချက်အလက် ပိုမိုစုံလင် ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ၂၀ဝ၈ ခုနှစ်က ထိုင်း နှင့် မြန်မာတို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြေပြင်၌ အီတာလျှံ-ထိုင်း ကုမ္ပဏီက စတင် အကောင်အထည်ဖော်ခဲ့ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာ နေခဲ့သည်။