အင်တာနက်ကဖေးတို့ အရောင်မှိန်ချိန်

0
863

အင်တာနက်ကွန်ရက် ချိတ်ဆက် နိုင်သော တယ်လီဖုန်းဆင်းကတ်များ ယခုကဲ့သို့ မပေါလှိုင်ခင် လွန်ခဲ့သော ဆယ်နှစ်က အင်တာနက်ကဖေးတို့ စမ်း ထခဲ့ကြသည်။ “ချက်တင်ထိုင်တယ်” ဆိုသည့် စကားက ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် လူငယ်တို့ကြား အတော်ပင် ရေပန်းစား ခဲ့ရာ သူတို့ ချက်တင်ထိုင်သည့်နေရာမှာ အင်တာနက်ကဖေးများပင် ဖြစ်လေသည်။ ထိုအချိန်က လူငယ်တို့အချင်းချင်း အင်တာနက်ကွန်ရက်မှ စာဖြင့်၊ ဖုန်းဖြင့် (အထူးသဖြင့် G talk) ရုပ်မြင်သံကြား (VZO, Skype) တို့ဖြင့် ချိတ်ဆက် စကားပြောကြမည်ဆိုက အင်တာနက် ဆိုင်များသာ အားထားရာ ဖြစ်ခဲ့သည်။ “အဝေးကသူငယ်ချင်းတွေနဲ့ စကား ပြောဖြစ်တာပေါ့၊ တစ်ခါတစ်လေ ကောင် မလေးနဲ့ပြောတယ်၊ နားရွက်အုပ်တဲ့နား ကြပ်လေးတပ်ပြီးမိုက်ကရိုဖုန်းနဲ့ပြောရ တာ၊ အဲဒီချိန်ကတော့ကွန်ပြူတာခုံလူ ပြည့်နေရင် ထိုင်စောင့်နေရသေးတယ်”ဟု ကော့သောင်းမြို့မှ အသက် ၂၇ နှစ်အရွယ် ကိုကျော်မျိုးက ပြောသည်။ ထိုအချိန်က အင်တာနက်ကဖေး များသည် တနင်္သာရီတိုင်း၏ ခေတ်အမီ ဆုံး စွန့်ဦးစီးပွား ဖြစ်ခဲ့ပါသည်။ ၂၀ဝ၉ ခုနှစ်ခန့်က မြန်မာနိုင်ငံ အတွင် အင်တာနက်ဆိုင်များ ရေပန်းစား လာချိန် စီးပွားရေးလုပ်ငန်းအသစ် တစ်ခုအနေနှင့် စွန့်စားဖွင့်လှစ်ခဲ့စဉ်က ထားဝယ်တွင် နှစ်ဆိုင် သုံးဆိုင်သာ ရှိသေးကြောင်း MCC (ထားဝယ်)မှ ကိုသက်သက်အောင်က ပြောသည်။ စဖွင့်စဉ်ကတော့ တစ်နာရီ တစ်ထောင်။ “စဖွင့်တုန်းကတော့ ရေရှည်မှာ အဆင်ပြေနိုင်တဲ့ လုပ်ငန်းတစ်ခုဆိုပြီး ဖွင့်ဖြစ်တယ်။ အဲဒီအချိန်တုန်းကတော့ ဖုန်းတွေမပေါ်သေးတဲ့အချိန်။ အစပိုင်းမှာ နောက် တဖြေးဖြေးများလာတယ်” ဟု ကိုသက်သက်အောင်က ပြောသည်။ ဆိုင်စဖွင့်စတွင် အင်တာနက်လိုင်း နှေးခြင်း၊ မိုးရွာလျှင် လိုင်းမကြာခဏ ကျခြင်း၊ အင်တာနက်စာမျက်နှာ အချို့ကို အစိုးရက ပိတ်ပင်ထားခြင်းတို့ ရှိသော် လည်း သုံးစွဲသူများ ဇွဲရှိကြကြောင်း ကိုသက်သက်အောင်က ပြောသည်။ “အင်တနက်လေးနေလဲ စိတ်ရှည် ရှည်နဲ့ပဲသုံးနေကြတာပဲ ရှိမှ မရှိကြတာ ကို”ဟု ၄င်းက ဆိုသည်။ ထိုစဉ်က ကွန်ပြူတာဂိမ်းများလည်း ခေတ်စားခဲ့ရာ လူငယ်များ၏ အုပ်စုဖွဲ့ ဂိမ်းဆော့ပွဲများ၏ အစသည်လည်း အင်တာနက်ကဖေးများပင် ဖြစ်ပါသည်။ အင်တာနက်ကဖေးများသည် မြို့ပြ လူငယ် တို့၏စုဝေးရာ ဌာနတစ်ခု ဖြစ်ခဲ့သည်။ လူငယ်များသာ မဟုတ်ပါ။ အင်တာနက်ကဖေးဆိုင်များ၏ ကွန်ပြူတာများရှေ့တွင် လူလတ်ပိုင်း အလယ် သက်ကြီးရွယ်အိုတို့အဆုံး တွေ့ရတတ်ပါသည်။ သူတို့သည် ဆိုင်ရှင်၏ အကူအညီ ဖြစ်သော်လည်းကောင်း၊ မိမိ၏ မိသားစုဝင် လူငယ်တစ်ဦးဦးကို အဖော်ပြု၍သော် လည်းကောင်း အဝေး(နိုင်ငံရပ်ခြား) ရောက် မိသားစုဝင်များနှင့် နားကြပ် တယ်လီဖုန်းဖြင့် စကားပြောကြသည်။ အဝေးရောက်သူတို့၏ ရုပ်သွင်မြင်ရက ပြုံးပျော်ကြ လက်ပြကြမည်။ နယ်ဒေသမှ မိဘဖိုးဘွားတို့ကလည်း နိုင်ငံခြားရောက် သူတို့သားသမီးများ၏ မျက်နှာကို အလွမ်းပြေ ကြည့်ခွင့်ရရန် အင်တာနက်ဆိုင်များသို့ တကူးတက လာရောက်ကြလေသည်။ လိုင်းအား ပြတ်တောက်ပြတ် တောက်အောက်တွင် တစ်ဖက်စကားသံကို အကြာကြီးစောင့်နားထောင်ကြမည်။ မကြားဘူးဆိုက ပတ်ဝန်းကျင် (ဆိုင် အတွင်းမှ အခြားလူများ)၏ ငြူစူခြင်းကို လစ်လျှူရှုကာ ကျယ်လောင်စွာ အော်ပြော ကြမည်။ ထိုသို့ တချိန်က လူစည်ကားခဲ့ဖူး သော အင်တာနက်ကဖေးတို့ ယခုအချိန် တွင် တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သိမ်း ကုန်ကြလေပြီ။ အင်တာနက်ဆိုင် စပေါ်ချိန်က တစ်နာရီ ၁၅၀ဝ ကျပ်ပေး သုံးစွဲခဲ့သည် ဆိုသော မြိတ်မြို့၊ ကန်ဖျားရပ်မှ မဟေသီ လည်း နှစ်သိန်းတန်ဖုန်းဆင်းကတ် ရပြီး ချိန်တွင် အင်တာနက်ဆိုင်ဘက် ခြေဦး မလှည့်တော့။ “ဆိုင်မှာက တကူးတကသွားရတာ ဟိုရောက်တော့လည်း လူပြည့်နေလို့စောင့် ရတာနဲ့ အဆင်မပြေဘူး။ ခုတော့ ဆိုင် ကိုလည်း တကူးတကကြီး သွားစရာမလို တော့ဘူး။ အိပ်ယာထဲကနေပြီး လိုင်း ပေါ်တက်လိုက် ဆင်းလိုက်နဲ့ အရမ်းအဆင် ပြေတယ်” ဟု မဟန်သီက ပြောပါသည်။ မြိတ်မြို့တွင် ယခင်က အင်တာ နက်ဆိုင် ၆ ဆိုင်ခန့် ရှိသော်လည်း ယခုအချိန်တွင် တစ်ဆိုင်မျှ မရှိတော့ချေ။ ဖုန်းများ၌ အင်တာနက်များ ရလာ သည့်အချိန်မှစ၍ လုပ်ငန်းတဖြည်းဖြည်း ကျဆင်းလာပြီး လွန်ခဲ့သော တစ်နှစ် ကျော်က ပိတ်ပစ်လိုက်ရပြီဖြစ်ကြောင်း မြိတ်မြို့နောက်လယ်ရပ်မှ အင်တာနက် ဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စမတ်ဖုန်းများက ကွန်ပြူတာနီးနီး အသုံးပြုလာနိုင်သည့်အချိန်မှအစ ထားဝယ် တွင်လည်း စီးပွားရေးအရ တွက်ခြေ မကိုက်တော့သဖြင့် အချို့ဆိုင်များက ရိုး ရိုးကွန်ပြူတာဂိမ်းဆိုင်အဖြစ် ပြောင်း လိုက်ကြပြီး အချို့ဆိုင်များမှာ လုံးဝ ပိတ်သွားကြကြောင်း MCC (ထားဝယ်) မှ ကိုသက်သက်အောင်က ပြောသည်။ “အင်တာနက်ဆိုင်တွေ နေဝင်နေ တာကတော့ အခုမှ မဟုတ်ပါဘူး။ လွန် ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကပါ။ ဖုန်းတွေ စပေါ်လာတဲ့အချိန်ကတည်း ကပေါ့” ဟု ကိုသက်သက်အောင်က ပြော သည်။ ထားဝယ်မြို့ပေါ်တွင် အင်တာနက် ဆိုင် တစ်ဆိုင်နှစ်ဆိုင် ကျန်သေးသော် လည်း လက်ရှိအချိန်တွင် လူဝင်လူထွက် မရှိသလောက် ဖြစ်နေလေပြီ။ အင်တာနက်ဆိုင်တွင် လူပြည့်နေ သည့်တိုင် သုံးခွင့်ရရန် ထိုင်စောင့်ခဲ့ဖူး သည်ဆိုသော ထားဝယ်မြို့ ဘုမ္မော် ရပ်ကွက်မှ ကိုကျော်ရဲသူသည်လည်း ယခုတွင် သူ့စမတ်ဖုန်းကိုသာ အားထား တော့လေသည်။ “ဆိုင်ကိုသွားပြီး သီးသန့်ကြီးသွား မသုံးတော့ဘူး၊ ဆိုင်သွားပြီးသုံးတာနဲ့ ကိုယ့်ဖုန်းထဲမှာ ကိုယ်သုံးတာ အတူတူပဲ ဆိုတော့ ကိုယ့်ဖုန်းထဲမှာပဲ ကိုယ်သုံးတော့ တာပေါ့” ဟု ထားဝယ်မြို့ ဘုမ္မော် ရပ်ကွက်မှ ကိုကျော်ရဲသူက ပြောသည်။ ဃြဃ(ထားဝယ်)မှ ကိုသက်သက် အောင်ကတော့ အင်တာနက်ကဖေးများ ရှိနေသင့်သေးကြောင်း ပြောပါသည်။ “အချို့ဝက်ဆိုက်တွေက ဖုန်းနဲ့သုံး လို့ အဆင်မပြေဘူးလေ။ ပြီးတော့ ကွန်ပြူတာက လူတိုင်းမှာ မရှိသေးဘူး လေ” ဟု ကိုသက်သက်အောင်က မှတ် ချက်ပြုသည်။