KG တန်းမှာ ကျူရှင်သင်ဖို့ လိုအပ်သလား

0
709

“ယခုနှစ် ကျောင်းစတက်မည့် ကလေးတစ်ဦး၏အမေက နီးစပ်ရာ အသိတွေကို လျှောက်မေးနေသည်။ သူ့ကြည့်ရသည်မှာ အတွေ့အကြုံက လည်းမရှိ ကလေးကလည်း သည်နှစ်မှ ကျောင်းစအပ်မည်ဖြစ်သည့်အတွက် စိုးရိမ်နေပုံ။ “ကျောင်းအပ်ချိန်က ဆရာမတော့ ဘာမှ မပြောလိုက်ဘူး၊ အပ်ဖို့လည်း မတိုက်တွန်းဘူး၊ ဒါပေမဲ့ တခြားမိဘ အတော်များများက ဆရာမအိမ်တွေ သွားပြီး မေးနေအပ်နေတယ်လို့ သိရ တော့ ကိုယ့်ကလေးအတွက်လည်း စိတ်ပူ မိတယ်၊ ကျူရှင်ခကလည်း ငါးထောင်၊ တစ်သောင်း၊ တစ်သောင်းခွဲ၊ နှစ်သောင်း ထိ ဈေးအမျိုးမျိုး ကြားနေရတော့ မရှိလို့ကလေးတွေ ပင်ပင်ပန်းပန်း မလုပ် ရအောင် ပညာသင်ပေးချင်ပါတယ်ဆိုမှ အခက်တွေ့နေရပြီ” စီးပွားရေး အခြေအနေကြောင့်လည်း စိတ်ရှုပ်ထွေးနေဟန် ရှိသည်။

“ယောကျာ်းက ပန်းရန်အကြမ်း သမား၊ အလုပ်က ပုံသေမရှိ၊ ကိုယ်က အိမ်နားမှာပဲ ဟိုစပ်စပ်ဒီစပ်စပ် ရာသီပေါ် သစ်သီးတွေကို ဗန်းလေးထဲထည့် ရပ်ကွက်ထဲလိုက် အော်ရောင်းရသူ ဆိုတော့ အိမ်ခန်းငှားရ၊ ရေခ၊ မီးခနဲ့ တစ်နေ့တစ်နေ့ ထမင်းတောင် စားရ ယုံပဲ” ယင်းမှာ မတတ်နိုင်သည့် မိဘများ ၏အခြေအနေဖြစ်ပြီး အချို့တတ်နိုင် သည့် မိဘများကမူ “ကျူရှင်ခကလည်း ဈေးကြီးလိုက်တာ ဒါပေမဲ့ သူများထက် သာအောင် ဝိုင်းကျူရှင်ပဲထားမယ်လေ” ဆိုတာမျိုး။ “ဒီကျူရှင်တွေကလည်း ဘယ်တော့KG တန်းမှာ ကျူရှင်သင်ဖို့ လိုအပ်သလား မှ ပျောက်မလဲ မသိဘူး” “စာရေးလေ့ကျင့်လို့ရအောင် သွား အပ်ထားတာလေ” စသဖြင့် ကျူရှင်အပ်ပုံ အကြောင်း စုံကို မြင်ရကြားရသည်။ တကယ်ရောKGတန်းမှာ ကျူရှင် သင်ဖို့ လိုအပ်ပါသလား။ ဆရာဆရာမများအား ကျောင်း မဖွင့်မ Grade 2သင်တန်းနည်းပြအဖြစ် ယခုနှစ် တာဝန်ယူခဲ့ရသည့် မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာ ရေးမှူး ဒေါ်ခင်စောက ယခုပြောင်းလိုက် သည့်KGစနစ်က မိဘများ ကြုံတွေ့ နေရသည့် ကျူရှင်ပြဿနာကို ပျောက် အောင် လုပ်ထားသည်ဟု ဆိုသည်။

“ဒီစနစ်က ဂျပန်နိုင်ငံက စနစ်မျိုးပဲ၊ အစွန်ဖျားနယ်တွေထိ လေ့လာစမ်းသပ် ပြီးမှ ပြောင်းလဲမှုစလိုက်တာ၊ နယ်တွေ မှာတောင် အဆင်ပြေမယ့် စနစ်ဆိုတော့ မြို့ပေါ်ကလေးတွေဆို ပိုတောင် အဆင် ပြေမယ်ဆိုတာ ပြောစရာကို မလိုတော့ ဘူး”KG တန်းတွင် မည်သည့်စာမျှ ရေးစရာ ကျက်စရာ မလိုဘဲ၊ အရုပ်များ ပန်းချီပုံများဖြင့် သင်ကြားသည်ဟု သိရ သည်။ ဗျည်းအက္ခရာ ရေးသားနည်းကို လည်း ယခင်က သူငယ်တန်းက စသင် သော်လည်း ယခုလက်ရှိတွင်Grade 1 တန်းရောက်မှ သင်သောကြောင့် ကလေး များ စာမရေးတတ်ဖြစ်သည်ကို ပူပန် နေရန် မလိုဟု ဆိုသည်။Grade 1,Grade 2 တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝ တစ်သက်တာ၊ ကာယ၊ အနုပညာပန်းချီ၊ အနုပညာဂီတ၊ စာရိတ္တနှင့်ပြည်သူ့နီတီ စသည့်ဘာသာတွေ သင်ရမှာဖြစ်ပြီး၊ ကြားနာခြင်း၊ အစုဖွဲ့ဆွေးနွေးခြင်း၊ မေးခွန်းမေး အပြန်လှန်စူးစမ်းခြင်းဖြင့် သင်ပြမည်။ ထို့အပြင် နေ့စဉ်မှတ်ချက်ပေးသွား သည့် စနစ်ဖြစ်သောကြောင့် စာကျက်စရာ သိပ် မရှိတော့ဘဲ စာမေးပွဲစနစ်သည်လည်း အရင်လို မဟုတ်သည့်အတွက် ကျူရှင် မယူလည်းရသည့်စနစ်ဟု သိရသည်။ ၄ ယောက်အုပ်စုဖွဲ့ သင်ရမည်။ အတော် နှင့်အညံ့ရောမျှပြီး စုဖွဲ့ဆွေး နွေးမည်။

ယခင်လို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် အဆင့်များပေးသွား မည် မဟုတ်ဘဲ ကောင်း/သင့်/ကြိုးစား ရန်လိုဟူ၍ သတ်မှတ်ပေးသွားမည် ဖြစ် သည်။KG,Grade 1,Grade 2အတန်း များသည် မူလတန်းအောက်အဆင့်ဟု သတ် မှတ်ထားကြောင်း သိရပြီး၊ မိဘ နှင့်ဆရာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်တွေ့ကာ ပညာရေးစနစ်ကို သဘော ပေါက်အောင် ဆွေးနွေးတိုင်ပင်ရန် ပြဋ္ဌာန်းထားကြောင်း သင်ရိုးသစ်များနှင့် ပတ်သက်၍ သိရသည်။ သည်အချက်များကို စာရေးသူ မေးမြန်းရာမှ သိခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ပညာရေး ပြုပြင်ပြောင်း လဲမှုကို မိဘများ နားလည်သဘော ပေါက်အောင် ရှင်းပြခြင်းမရှိ သို့မဟုတ် လုံလောက်သည့် ရှင်းပြမှု မရှိသည့်သည့် အတွက် နှစ်တိုင်း အစဉ်အလာဖြစ်နေသည့် ကျောင်းဖွင့်ခါနီး ကျူရှင်ကြိုတက်၊ ကျောင်းအပ်ပြီးတာနှင့် ကျူရှင်သွားအပ် သည့်ဓလေ့ရှိနေဆဲ ဖြစ်ခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမျိုးဝင်းကတော့ တစ်ဆင့်စကား တစ် ဆင့်နားဖြင့် အပြင်လူများထံမှ ကြားရခြင်းထက် ပညာရေးဌာနမှ ဆရာ ဆရာမ များ၊ တာဝန်ရှိသူများက သေချာရှင်း ပြပါက စိတ်ထဲပိုရှင်းမည်ဟု ဆိုသည်။ “မိဘတွေလည်း ညီဖို့လိုတယ် အခုက တစ်ယောက်ကထား၊ တစ်ယောက် က မထားနဲ့၊ ထားကြတာကများတော့ မထားတဲ့သူက မှားနေသလို အထင်ခံ ရပြီး ကျောင်းမှာ ကိုယ့်သားသမီး သိမ် ငယ်နေမှာကိုလည်း စိတ်ပူတယ်”ဟု ဦးမျိုးဝင်းက ပြောသည်။ မူလတန်း ကျောင်းဆရာမ တစ်ဦး ကမူ ကလေးများအား ကျူရှင်လာသင်ရန် မ ပြောသလို၊ သင်လည်း မသင်ချင်ဟု ပြောသည်။ “ကျောင်းလွှတ်ရင် အိမ်မှာနားချင် တယ်၊ ကျောင်းအုပ်ဆီမှာလည်း ဆရာ ဆရာမ တွေအားလုံး ကျူရှင်မသင်ပါဘူး လို့ လက်မှတ်ထိုးထားရတယ်၊ မိဘတွေ ကတော့ လာလာမေးနေတာပဲ ကျူရှင် ဘယ်ချိန်ရှိလဲဆိုပြီး” ဆရာဆရာမများတွင်လည်း မတူညီ သည့် အခက်အခဲများရှိသည့်အတွက် ကျူရှင်နှင့် ပတ်သက်ပြီး ပုံစံအမျိုးမျိုး အမြင်အမျိုးမျိုးရှိသည့်အပေါ် ထွေထွေ ထူးထူး မပြောချင်ဟု ပြောသည်။ စနစ်တစ်ခု အပြောင်းအလဲသည် ပြောင်း သူရော အပြောင်းခံရမည့်သူပါ သေချာ သဘောပေါက်ကြလျှင် ညီညီ ညာညာဖြင့် ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲနိုင် မည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ပြောင်းနေသူက အားကြိုးမာန်တက် ပြောင်းနေသော်လည်း အပြောင်းခံရသူက နားမလည် သဘောမပေါက်မသိခဲ့လျှင် ပလိုင်းပေါက်နှင့် ဖားကောက်သကဲ့သို့ ဖြစ်မည် အမှန်ပင်ဖြစ်သည်။

ထို့ကြောင့်KG,Grade 1,Grade 2အတန်းများသည် မိဘများ မဖြစ်စေချင် သည့် ကျူရှင်ပပျောက်ရေးစနစ်ဖြစ် ကြောင်း သိရှိအောင် မိဘ၊ ဆရာနှင့်တာ ဝန်ရှိသူများ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေး အသိပေးရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါလျှင် အထက်က ပြောခဲ့သ လို “KG မှာ ကျူရှင်သင်ဖို့ လိုအပ်သလား”ဟူသည့် မေးခွန်းတွေကို ကျောင်းစထားမည့်မိဘများ သံသရာ တစ်လျှောက်လုံး ခေတ်အဆက် ဆက် လိုက်လံမေးနေရဦးမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။