ထီးခီးတွင် အဂတိလိုက်စားသည်ဟု တိုင်ကြားမှု ပစ်စာဖြစ်နေသော်လည်း ဆက်စစ်မည်

0
372

ထီးခီးနယ်စပ်ဂိတ်တွင် ဌာနဆိုင် ရာအရာရှိအချို့က ထိုင်းငွေဘတ်သန်း ပေါင်းများစွာ အဂတိလိုက်စားသည်ဟု ဆိုကာ တိုင်ကြားသည့်စာမှာ ပစ်စာဖြစ် နေသော်လည်း ဆက်စစ်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ဇင်က ပြောသည်။ ဦးဆောင်တိုင်ကြားသူနှင့် ထောက် ခံလက်မှတ်ထိုးသူ စုစုပေါင်း ၁၅ ဦးကို အမည်၊ မှတ်ပုံတင်အမှတ်တို့ဖြင့် တိုက် ဆိုင်စစ်ဆေးရာ လွဲမှားနေသည့်အတွက် ပစ်စာသဘောဖြစ်နေကြောင်း စုံစမ်းစစ် ဆေးရေးအဖွဲ့ခေါင်းဆောင်(ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဇင်က ဆိုသည်။

ထီးခီးနယ်စပ်တွင် တာဝန်ကျနေ သည့် ဌာနဆိုင်ရာအရာရှိများက အဂတိ လိုက်စားကာ ကာစီနိုလောင်းကစားရုံများ ခွင့်ပြုထားခြင်း၊ ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်မည့်သူများထံတွင် ငွေကြေး ကောက်ခံခြင်း အစရှိသည့်အချက်များကို ပြီးခဲ့သည့်ဧပြီလက နိုင်ငံတော်သမ္မတထံ တိုင်ကြားထားသည်။ တိုင်ကြားမှုက ပစ်စာဖြစ်နေသော် လည်း တိုင်ကြားခံရသည့် ဌာနဆိုင်ရာ အရာရှိများနှင့် ဆက်စပ်နေသည့် ဌာန ဆိုင်ရာဝန်ထမ်းများကို ဆက်လက်စစ် ဆေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ “ပစ်စာဆိုပေမယ့် ဆက်စစ်မယ်၊ ဒီကိစ္စတွေကို ဆုံးခန်းတိုင်အောင် စစ်ပြီး တော့ တွေ့ရှိချက်တွေကို ဟိုဟာဖြစ် (တင်ပြ)မယ်”ဟု ဦးမောင်မောင်ဇင်က ပြောသည်။

ထီးခီးနယ်စပ်တွင် တာဝန်ထမ်း ဆောင်နေသည့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လဝကဌာန၊ ထွေ/အုပ်ဌာနတို့မှ အရာရှိများကKNU တပ်ဖွဲ့နှင့်ပေါင်းပြီး ထိုင်းဘတ် ငွေသန်း ပေါင်းများစွာ အဂတိလိုက်စား ကာ ကာစီနိုလောင်းကစားရုံ၊Resort များကို ဆောက်လုပ်ထားခြင်း၊ ထိုင်း နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင် မည့်သူ များထံမှ ငွေကြေးကောက်ခံနေ သည်ဟုဆိုကာ တိုင်ကြားခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၆ ရက်က တိုင်ကြားခံရသည့် အကောက်ခွန်အရာရှိ နှင့် တိုင်ကြားစာတွင် မပါဝင်သော်လည်းResortများ ဆောက်လုပ်ရာတွင် မြေ အသုံးမှုနှင့် ပတ်သက်၍ ထားဝယ် မြို့နယ် မြေစာရင်းဦးစီးမှူးကို စစ်ဆေး မေးမြန်း ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။ တိုင်ကြားစာတွင်ပါဝင်သည့် ဌာန ဆိုင်ရာအရာရှိများကို ဆက်စစ်မည်ဖြစ် ပြီးResort ဆောက်လုပ်ခြင်းနှင့် ပတ် သက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန တာဝန်ရှိကိုလည်း စစ်ဆေး မည်ဖြစ်ကြောင်း ဦးမောင်မောင်ဇင်က ပြောသည်။

တောင်သုံးလုံးရွာတွင် နေထိုင် သည်ဟု ဖော်ပြထားသည့် တိုင်ကြားသူ အမျိုးသားအား အတည်ပြုမေးမြန်းနိုင် ရန်စုံစမ်းရာ တိုင်ကြားသူက အဆိုပါရွာ တွင် နေထိုင်ခြင်းမရှိဘဲ နိုင်ငံသားမှတ် ပုံတင်အမှတ်အရ ထားဝယ်မြို့အတွင်း နေထိုင်သည့် အမျိုးသမီးဖြစ်နေသည်ကို တွေ့ရကြောင်း ဦးမောင်မောင်ဇင်က ဆို သည်။ ယင်းအပြင် တိုင်ကြားစာတွင် ထောက်ခံလက်မှတ်ထိုးသူ ၁၅ ဦးကို ခရိုင်လဝကဌာနက မှတ်ပုံတင်အမှတ်ဖြင့် တိုက်ဆိုင်စစ်ဆေးရာ အမည်နှင့် လူ ပုဂ္ဂိုလ်လွဲမှားနေကြောင်း ၄င်းက ပြောသည်။ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦး ဆောင်ကာ ဟိုတယ် / ခရီး၊ စားသုံးသူ ရေးရာဌာနတို့မှ အဖွဲ့ဝင် ၃ ဦးပါ စုံစမ်း စစ်ရေးအဖွဲ့ဖြင့် စစ်ဆေးကာ စစ်ဆေး တွေ့ရှိချက်၊ အကြံပြုချက်များ ဖြင့် ဇွန်လ ၁၅ ရက်တွင် ပြန်လည် တင်ပြရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထား ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တိုင်ကြားစာတွင် အထက်ပါဌာန ဆိုင်ရာအရာရှိများကKNU တပ်ဖွဲ့နှင့် ပေါင်းပြီး လုပ်ဆောင်သည်ဟု ပါရှိသည့် အတွက် စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်း ကူညီရန်KNUတပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနှင့် ဆွေးနွေးညှိနှိုင်း ထားကြောင်း ၄င်းက ပြောသည်။ KNUတပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဆာပိတုထံ အဆိုပါ ကိစ္စ ဆက်သွယ်မေးမြန်းရာ အစိုးရ ဌာနဆိုင်ရာများနှင့်ပေါင်းကာ အဂတိ လိုက်စားခြင်း မရှိကြောင်း ဖြေဆိုထားသည်။ ယင်းအပြင် ဌာနဆိုင်ရာအရာရှိများ က ပြင်ပပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ပေါင်းကာ အဂတိလိုက်စားနေကြောင်း တိုင်ကြားစာတွင်ပါရှိသည်ဟု အထက် ပါဌာနထံမှ သိရသည်။