ဘန်းချောင်း ကျောက်မီးသွေးမိုင်း ရာသက်ပန်ရပ်နားပေးရန် ဆုတောင်းပွဲပြုလုပ်

0
387

ထားဝယ်မြို့နယ် ဘန်းချောင်း ဒေသ ကွမ်းချောင်းကြီးကျေးရွာတွင် ကျောက်မီးသွေး တူးဖော်နေမှု ရာသက် ပန် ရပ်နားပေးရန် ဒေသခံများက ဇွန်လ ၄ ရက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ကျောက်မီးသွေး တူးဖော် နေမှုကြောင့် ဒေသခံများတွင် ကျန်းမာ ရေး ထိခိုက်မှုများရှိပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများရှိသောကြောင့် ဒေသ ခံများက ယင်းကျောက်မီးသွေးမိုင်း ရာ သက်ပန် ရပ်နားစေရန်အတွက် ဆုတောင်း ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ စောတင်ဦးက ပြောသည်။

“အခု ကျောက်မီးသွေးမိုင်း (ယာယီ) ရပ်နားထားတာ တစ်နှစ်ပြည့်သွားပြီးဆို တော့၊ နောက်လည်း ဒီကျောက်မီးသွေး ရာသက်ပန် ရပ်တန့်သွားဖို့ ကျွန်တော် တို့ ဆုတောင်းတာပါ”ဟု ၄င်းက ဆိုသည်။

ယင်း ကျောက်မီးသွေးတူးဖော်နေမှု ယာယီရပ်နားသည့် တစ်နှစ်ပြည့် အထိမ်း အမှတ်နှင့် ခရစ်ယာန် ဘာသာ ဝင်များ ပြုလုပ်လေ့ရှိသည့် ကျေးဇူးတော် ချီးမွှမ်း ခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။ ယင်းအခမ်းအနားကို ဘန်းချောင်း ဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ၅၀ ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ကွမ်းချောင်းကြီးကျေးရွာရှိ မြေ ဧက ၆၀ တွင် East Star Mining ကုမ္ပဏီက ကျောက်မီးသွေးမိုင်း တူးဖော်ခြင်းကို ၂၀၁၁ ခုနှစ်နှောင်းပိုင်း (သို့) ၂၀၁၂ ခုနှစ် အစောပိုင်းမှ စတင်လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့ သည့် ၂၀၁၇ မတ်လတွင် တိုင်းအစိုးရက ယာယီရပ်နားထားရန် ညွှန်ကြားထားသည်။ ဆုတောင်းပွဲအပြင် ဇွန်လ ၃ ရက် တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲ များလည်း ကျင်းပခဲ့ကြသည်။