ဒူးရင်းသီး အကင်း၊ အရင့်နှင့် အစေ့ပါမကျန် ထိုင်းနှင့် တရုတ်လိုက်ဝယ်

0
426

တနင်္သာရီတိုင်းအတွင်း ဒူးရင်းသီးအကင်း၊ အရင့်နှင့် အစေ့ပါမကျန် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံသားများက လိုက်လံဝယ်ယူလျက် ရှိသည်။မြိတ်ခရိုင်
မောတောင်မြို့(နယ်စပ်)နှင့် မြိတ်မြို့တို့တွင် စင်းလုံးချောဒူးရင်းအစေ့များကို တစ်ကီလိုလျှင်ဘတ် ၅၀ မှ ၁၀ဝ၊ တစ်ပိဿာလျှင်ကျပ် ၁၅၀ဝ မှ ကျပ် ၂၀ဝ၀ စသဖြင့်ဝယ်ယူလျက်ရှိကြောင်း မြိတ်နှင့်မောတောင်ရှိ ဒူးရင်းသီးရောင်းသူများကပြောသည်။

ထားဝယ်တွင်လည်း အစေ့တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ အရင့်တစ်လုံးလျှင် ကျပ် ၂၅၀ဝ ဖြင့် တရုတ်နိုင်ငံသားများက လိုက်လံ ဝယ်ယူလျက်ရှိသည်ဟုထားဝယ်ဈေးကွက် အတွင်းမှသိရသည်။

၎င်းအပြင် ကော့သောင်းတွင်လည်းဒူးရင်းသီး အကင်းနှင့် အစေ့ တစ်ကီလိုလျှင် ဘတ် ၇၀ အထိ လိုက်လံဝယ်ယူလျက်ရှိကြောင့် ကော့သောင်း ဈေးကွက်
အတွင်းမှ သိရသည်။လိုက်လံ ဝယ်ယူသူများမှာ မြန်မာနိုင်ငံသားများအပြင် ထိုင်းနှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်းဈေးကွက်အတွင်းမှ သိရသည်။”မျိုးစေ့ယူဖို့လို့တော့ ပြောသံကြားတာပဲ”ဟု ကော့သောင်းမြို့နယ် ၁၀မိုင်ကျေးရွာတွင် ဒူးရင်းသီး ရောင်းချနေသူတစ်ဦးက ပြောသည်။
ဒူးရင်းသီးအစေ့များကို ထိုင်းဘက်မှ ပျိုးပင်အဖြစ် ပျိုးထောင်ခြင်း၊

ပြန်လည်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်နေကြောင်း မောတောင်ရှိ ဒူးရင်းသီးအရောင်းအဝယ် ပြုလုပ်နေသူများကပြောသည်။
မောတောင်နယ်စပ်တွင် ဒူးရင်းစေ့များကို ရံဖန်ရံခါ လာရောက် ဝယ်ယူလေ့ရှိကြပြီး ကော့သောင်းနှင့် ထားဝယ်
တွင်မူ ယခုနှစ်တွင် ပထမဆုံးဝယ်ယူလာခြင်းဖြစ်ကြောင်း ဒူးရင်းသီး ရောင်းသူများထံမှ သိရသည်။