အထူးစီးပွားရေးဇုန်-ထီးခီး လမ်းဒီဇိုင်း သုံးသပ်ရန် အကြံပေးအဖွဲ့ ထိုင်းဘက်က ငှားမည်

0
441

ထားဝယ်အထူးစီးပွားရေးဇုန်-ထီးခီး လမ်းဒီဇိုင်းကို ပြန်ပြီးသုံးသပ်ရန်အကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံဘက်ကငှားမည်ဟု သိရကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းကပြောသည်။လက်ရှိ ရှိနေသည့် မြေသားလမ်းကိုအီတာလျှံ-ထိုင်းကုမ္ပဏီက ဖောက်လုပ်ထားပြီးလမ်းဒီဇိုင်းမှန်/မမှန် သုံးသပ်နိုင်ရန် ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။”ဖောက်သွားတဲ့ လမ်းကို လမ်းဒီဇိုင်းပိုင်းတွေကို လမ်းရဲ့အစိတ်အပိုင်းတို့ပြန်ပြီးတော့ ပြန်စစ်မယ့်သဘောပါ” ဟု၎င်းက ပြောသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ်ငန်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှချေးငွေယူရန်မတ်လ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း
အဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။ယင်းချေးငွေကို နှစ် ၃၀ အတွင်း
ပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁၀ နှစ်တွင်အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂၀ တွင်ဝ.၁ ရာခိုင်နှုန်း အတိုးဖြင့် ပေးဆောင်ရမည် ဖြစ်သည်။လမ်းအဆင့်မြှင့်မည့် ပုံစံတွင်လမ်းတစ်ဖက်တစ်ချက်ကို မီတာ ၂၀ရှင်းလင်းမည်ဖြစ်ပြီး တော၇ိင်းတိရစ္ဆာန်များ ဖြတ်သန်းနိုင်မည့် နေရာ ၁၁ ခုပါဝင်မည်ဖြစ်ကြောင်း အဆိုပါလမ်းနှင့်
ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါလမ်းအဆင့်မြှင့်ခြင်း
လုပ်ငန်းကို လပေါင်း ၃၀ အပြီး လုပ်ဆောင်မည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိကျေး ၁၅ ကို ဖြတ်သန်းရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့်ထီးခီးနယ်စပ်ကို မြေသားလမ်းဖောက်လုပ်ထားပြီး ပြန်လည်အဆင့်မြှင့်တင်ချိန်တွင် လက်ရှိ လမ်းအူကြောင်း၏၈၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။

လမ်းလုပ်ငန်းအတွက် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ပြီးထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် အဆင့်၎ ရှိ မြဝတီ-ကော့ကရိတ်လမ်းကဲ့သို့အဆင့်မြှင့်မည်ဖြစ်ကြောင်း သိရသည်။