ပြည်ကြီးမဏ္ဍိုင်မှ ထိုင်းနယ်စပ် ကွန်ကရစ်လမ်း နှစ်နှစ်အတွင်း အပြီးခင်းမည်

0
430

မိုင်သုံးဆယ်ကျော်သာ အကွာအ ဝေးရှိသည့် မဏ္ဍိုင်မြို့အနီးမှ ထိုင်းနယ် စပ်အထိ ကွန်ကရစ်လမ်းကို လာမည့် နှစ်နှစ်အတွင်း အပြီးခင်းမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။

မြိတ်-ကော့သောင်း ပြည်ထောင် စုလမ်းမ (ပြည်ကြီးမဏ္ဍိုင်မြို့အနီး)မှ ထိုင်းနိုင်ငံနယ်စပ်အထိ ၃၅ မိုင်သာ ကွာဝေးသည့် အဆိုပါလမ်းကို ပြီးခဲ့ သည့် ဘဏ္ဍာနှစ်က ကွန်ကရစ်လမ်း ၃မိုင် ၁ ဖာလုံခင်းထားပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၂ မိုင် ဆက်ခင်းမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆို သည်။

အဆိုပါ လမ်းအတိုင်းသွားပါက မြန်မာဘက်ခြမ်းတွင် ရတနာပုံရွာရှိပြီး ထိုင်းနိုင်ငံဘက်တွင် ခလုံလွိုင်မြို့ တည်ရှိကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။
“နှစ်နှစ်လောက်အတွင်းမှာ အပြီး ခင်းနိုင်လိမ့်မယ်၊ လမ်းကောင်းလာပြီဆို ကုန်သွယ်ရေးလည်း ပိုကောင်းလာမယ် လို့ ထင်တယ်”ဟု ဦးဝင်းမင်းထွဋ်က ပြောသည်။

အဆိုပါလမ်းမှာ ယခင်ကပင် မြေ သားလမ်းရှိပြီးဖြစ်ကြောင်း ၎င်းက ဆို သည်။
ခင်းနေသည့် ကွန်ကရစ်လမ်း အကျယ်မှာ ၂၃ ပေခန့် (၇မီတာ) ရှိ ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန ထံမှ သိရသည်။