တက်တူး

0
491

ကျောင်းအပ်နှံရေး အခမ်းအနားတစ် ခုတွင် ဆရာမကြီးတစ်ဦးက တက်တူးထိုး ထားသူများကို သူ့ကျောင်းတွင် လက်ခံ မည်မဟုတ်ကြောင်း ပြောသည်။
ကျွန်တော်တထိတ်တလန့် ဖြစ်ရပါ သည်။

ထိုသို့သော ကျောင်းများ မည်မျှ ရှိမည်နည်း။ ထိုသို့သော အခြေအနေ ကြောင့် ကျောင်းအပ်နှံရေး အခက်ကြုံနေ သည့် ကလေးမည်မျှရှိမည်နည်း။
တက်တူးသည် လူတစ်ဦး၏ စိတ် နှင့်ဘ၀ကို မည်မျှစပ်ဟပ်ပြနိုင်သော ကြောင့် ထိုသို့သော ဆုံးဖြတ်ချက်ချရ သနည်း။ မည်သည့်အတွက်ကြောင့် တက်တူးထိုးထားသူများကို ဆိုးသွမ်းသူ များအဖြစ် တစ်ထစ်ချ ရှုမြင်ကြသနည်း။
။ ။ ။

တကယ်တော့ တက်တူးကို မနှစ် သက်သူများထဲတွင် ကျွန်တော်လည်း ပါဝင်သည်။
ကျွန်တော်ကိုယ်တိုင် တက်တူး ကြောင့် ဘ၀တက်လမ်းပိတ်ခဲ့ရဖူးသည်။ တက်တူးထိုးထားသူများအဖို့ ဗိုလ် လောင်းသင်တန်း၊ ဒုရဲအုပ်သင်တန်းကဲ့ သို့သော သင်တန်းများကို တက်ခွင့်ရမည် မဟုတ်။ ကျွန်တော်ကိုယ်တိုင်လည်း တက်တူးအစက်ကလေး ငါးစက်ကြောင့် ဗိုလ်သင်တန်းတက်ခွင့်နှင့် ဝေးခဲ့ရဖူး သည်။

ကျွန်တော် ထိုတက်တူးရခဲ့သည်မှာ ဒုတိယတန်းအရွယ်က ဖြစ်သည်။ ကျွန် တော်တို့ တစ်ဝမ်းကွဲ ညီအစ်ကို သုံး ယောက် တက်တူးထိုးကြခြင်း ဖြစ်သည်။ ယခုခေတ်ကဲ့သို့ စက်ဖြင့် ထိုးခြင်းတော့ မဟုတ်။ ကြိမ်ပင်မှရ သည့် ဆူးများကို စုချည်ပြီး ထိုးရခြင်း ဖြစ်သည်။ ကျွန်တော့် ကို တက်တူး ထိုးပေးသည့် ဆရာကြီးမှာ ယခုတော့ နိုင်ငံရေးလောက၏ အရေးပါ သည့် ရာထူးတစ်နေရာတွင် တာဝန်ထမ်း ဆောင်လျက် ရှိပေသည်။
သူ့မှာလည်း တက်တူးရှိသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသည့် ဇေယျာသော်ဆိုလျှင်လည်း အဆိုတော်ဘ၀က ထိုးထားသည့် တက် တူးများ ရှိပေသည်။ သို့သော် ထိုတက် တူးကြောင့် သူ၏စိတ်ဓာတ် ပျက်ယွင်း သွားခြင်း မရှိသကဲ့သို့ သူ့ကိုပေးထား သည့် ရာထူးတာဝန်မှ ရပ်စဲခံရခြင်းလည်း မရှိပေ။
သို့ဆိုရလျှင် လူတစ်ဦးတစ်ယောက် ၏ စိတ်နေသဘောထားကို သူ့အရေပြား ပေါ်က တက်တူးကိုကြည့်ပြီး အလွယ် တကူ အလုံးစုံ ဆုံးဖြတ်၍ မရဆိုသည်က သေချာသည်။

ကျွန်တော်သည် တက်တူးထိုးခြင်း ကို အားပေးသူ မဟုတ်သလို ရှုတ်ချလို စိတ်ရှိသူလည်း မဟုတ်ပါ။ လူတစ်ကိုယ် အကြိုက်တစ်မျိုး မဟုတ်ပါလား။ သူ့ဝါ သနာနှင့်သူ ရှိကြသည်သာ။ သို့သော် တက်တူးထိုးမိခြင်းကြောင့် ပညာရေး ဘ၀ဆုံးခန်းတိုင်သွားရမည့်အဖြစ်မျိုး ကိုတော့ လက်ခံလိုစိတ် မရှိပါ။
တက်တူးထိုးထားသည့် ဆယ်ကျော် သက်အတော်များများကို ကျွန်တော်တွေ့ ဆုံဖူးသည်။

သူတို့နှင့်လည်း စကားပြောဖြစ် သည်။ သူတို့ မည်သည့်ရည်ရွယ်ချက်ဖြင့် တက် တူးထိုးထားသည်ကို မေးကြည့်ဖြစ် သည်။ သူတို့၏အဖြေကား သေချာရေ ရာမှုမရှိ။ ဘာကြောင့်ထိုးထားသည်ကို တိတိပပ မပြောနိုင်။ တချို့က ပုံလေး လှ၍ ထိုးလိုက်သည်။ တချို့က စက် စမ်းသည့်အနေဖြင့် ထိုးကြည့်သည်။ ထို ကဲ့သို့ရည်ရွယ်ချက် တိတိကျမရှိဘဲ တက်တူးထိုးထားသူများမှာ အခြေခံ ပညာကျောင်းသားအရွယ်များ ဖြစ်သည်။ အသက်အရွယ် ပိုကြီးသူများကတော့ သမီးရည်းစားပုံ၊ အမှတ်တရ အကြောင်း အရာ တစ်ခုခုပုံစသဖြင့် ထိုးတတ်ကြ သည်။ သေချာသည်က လူငယ်ပီပီ ခေတ်ရေစီးနောက် စီးမျောကြည့်ခြင်းသာ ဖြစ်သည်။
ထိုကြောင့် တက်တူးကို လူတစ်ဦး ၏ ဘ၀တစ်ခုလုံးကို ကိုယ်စားပြုသည်၊ စိတ်အလုံးစုံကို လှစ်ပြသည်ဟု မကောက် ယူသင့်ပေ။

တက်တူးနှင့်ပတ်သက်ပြီး ကျွန်တော့် အမြင်ကို ပြောင်းလဲသွားစေသည့် ဖြစ် ရပ်တစ်ခု ရှိသည်။
You Tube တွင် Hope ဟုရိုက် ထည့်လိုက်လျှင် Hope နှင့်သက်ဆိုင် သည့် ဗီဒီယိုဖိုင်များ ပေါ်လာပေမည်။ ထိုအထဲတွင် လူဖြူအမျိုးသမီးတစ်ဦးက ပိန်လှီနေသဖြင့် မတ်တတ်ရပ်ပြီး လမ်း လျှောက်ရန်ပင် အခက်အခဲရှိနေသည့် အာဖရိက လူမည်းလေးတစ်ဦးကို မုန့် ကျွေးရေတိုက်နေသည့် ဗီဒီယိုဖိုင်တစ်ခုကို တွေ့ရပေမည်။ ကျွန်တော် နားလည်သ လောက် ထိုကလေး၏ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြသဖြင့် ရပ်ရွာဓလေ့အရ ထိုကလေးကို စုန်းသရဲအဖြစ် သတ်မှတ် ကာ မည်သူမျှ ကျွေးမွေးစောင့်ရှောက်ခြင်း မပြုဘဲ နှင်ထုတ်ထားကြသည်။ ထို အဖြစ်ကို သိသွားသော ထိုလူဖြူ ကောင်မလေးမှာ အကြီးအကျယ် စိတ်မကောင်းဖြစ်သွားသည်။ ထို့ကြောင့် ပင်လျှင် ထိုကလေးလေးကို သူမကျွေး မွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ကလေးလေးမှာ အစာ အာဟာရ ပြည့်ပြည့်၀၀စားသောက် ရသဖြင့် ပြန်လည်ပြီး ကျန်းမာဖွံ့ဖြိုး လာပေသည်။ ထိုကလေး၏အမည် ကိုလည်း Hope ဟု မှည့်လိုက်သည် ထင်သည်။ သူ့တွင် နာမည်အရင်းတော့ ရှိသည်။

ကျွန်တော် အဓိကပြောလိုသည်က ထိုကလေး၏ အသက်တစ်ချောင်းကို ကယ်တင်လိုက်သည့် ရွှေရောင်ဆံပင်ပိုင် ရှင် လူဖြူကောင်မလေးအကြောင်း ဖြစ် သည်။ သူမ၏ ကိုယ်ခန္ဓာပေါ်တွင် တက် တူးများထိုးထားသည်။ သို့သော် သူမ၏နှလုံးသားမှာ နူးညံ့ပြီး စိတ်သဘောထား တို့မှာ ဖြူစင်နေပေသည်။
ဤဖြစ်ရပ်တွင် လူတစ်ယောက်ကို သူ့ကိုယ်ပေါ်တွင် ထိုးထားသည့်တက်တူး၊ အသားအရောင်၊ ရုပ်ရည်သွင်ပြင်တို့ကို ကြည့်ပြီး သူ၏အတွင်းစိတ်ကို အလုံးစုံ ခန့်မှန်းကောက်ချက်ချ၍ မရဆိုသည့် သင်ခန်းစာကို ကျွန်တော်ရလိုက်သည်။
အပြောင်းအလဲကို လိုချင်ကြသည့် ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့၏ အယူအဆ အတွေးအခေါ်များကိုလည်း ဦးစွာပြောင်းလဲဖို့ လိုပေမည်။ လူသား တစ်ဦးကို လူသားတစ်ဦးအဖြစ် မြင် အောင်ကြည့်တတ်ဖို့ ကြိုးစားကြရပေ မည်။ ကိုယ်နှင့်သဘောထား အယူအဆမ တူရုံမျှနှင့် သူ့ကိုလူရာမသွင်းမှာ မဖြစ် သင့်။

တက်တူးလေးထိုးထားရုံမျှဖြင့် သူ့ ကို လူကောင်းစာရင်းမှ ဖယ်ထုတ်၍ မဖြစ်။ ခေတ်စနစ်၏ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသူ၊ ခံနေရသူများကို သည်အတိုင်း ပစ်ထားခဲ့မလား သို့တည်းမဟုတ် ကျွန်တော်တို့နှင့်အတူ ပါသလောက် ဆွဲခေါ်သွားကြမလားဆိုသည်ကို ကျွန်တော်တို့ စဉ်းစား သင့်ပေသည်။ အခြေခံပညာကျောင်း သားတစ်ယောက် သည် တက်တူးနှင့် မလိုက်ဖက်သလို အပ်စပ်မှုလည်း မရှိပါ။

သို့သော် သူတို့ကို ကျွန်တော်တို့ ဒီအတိုင်းထားခဲ့တော့မှာလား။ စိတ် ဓာတ်၊ အတွေးအခေါ်များကို ပြုပြင် ပေးပြီး ဘ၀ဇာတ်ခုံပေါ်ကို တွန်းပို့ ပေးကြမလား၊ စသဖြင့် နည်းလမ်းပေါင်း များစွာ ရှိပေမည်။
ယင်းအတွက် ဆရာ၊ ဆရာမ တို့အပြင် ကျွန်တော် တို့လူ့အသိုင်းအဝိုင်း တစ်ခုလုံးအနေဖြင့် စဉ်းစားပေးကြဖို့ လိုပါသည်။