မြိတ်တွင် လုယက်သူများဖမ်းမိ နေသော်လည်း လုယက်မှုရှိနေဆဲ

0
397

ပြီးခဲ့သည့် မေလအတွင်းက လုယက်သူများအား ဖမ်းမိနေသော်လည်း လုယက်မှုဖြစ်ပွားနေဆဲဖြစ်ကြောင်း မြိတ်မြို့ပေါ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရသည်။
မြိတ်တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံ အိတ်လုယက်ခဲ့သူများကို ပြီးခဲ့သည့် မေလ ၈ ရက်က လူငယ် ၅ ဦးနှင့် မေလ ၂၂ ရက်က အမျိုးသား ၂ ဦးတို့အား မြိတ်မြို့မရဲစခန်းက ဖမ်းမိခဲ့သည်။

ယင်းသို့ ဖမ်းမိနေသော်လည်း မေလ ၂၆ ရက်က မြိတ်တောင်နယ်မြေတွင် အမျိုးသမီးတစ်ဦးထံမှ နှစ်ကျပ်ခွဲသားခန့် ရှိ ရွှေဆွဲကြိုးတစ်ကုံးအား Click I ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးခဲ့ကြောင်း မြိတ်တောင် နယ်မြေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရ သည်။
အဆိုပါ ပိုက်ဆံအိတ်လုယက်သူ တို့မှာ ဆိုင်ကယ်ဖြင့် လမ်းမေးဟန်ပြု ခြင်း၊ အသိမိတ်ဆွေအဖြစ် ဝင်ရောက် စကားပြောခြင်းစသဖြင့် ပြုမူ၍ ပိုက်ဆံ အိတ်၊ ရွှေဆွဲကြိုးနှင့် ဟန်းဖုန်းတို့အား လုယက်လေ့ရှိကြောင်း ရပ်/ကျေး အုပ် ချုပ်ရေးမှူးအချို့က ပြောသည်။

မြိတ်တွင် နေ့ခင်းကြောင်တောင် နှင့် ညဘက်အချိန်များတွင် လူပြတ်သည့် နေရာများ၌ ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယက်မှုများ၊ နေအိမ်၊ ဖုန်းအရောင်း ဆိုင်အချို့နှင့် ဈေးအရောင်းဆိုင်တစ် ချို့တို့တွင် ဖုန်းပျောက်ရှမှုများ မကြာ ခဏဖြစ်ပေါ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။