မူးယစ်ဆေး သံသယရှိနေအိမ်တွင် ကျည်ဆံ ၅၀ နီးပါး ဖမ်းမိ

0
530

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကြယ်စင်အိမ်ယာရှိ မူးယစ်ဆေးသံသယ ရှိ နေအိမ်တစ်ဆောင်တွင် မေလ ၂၇ ရက်က ကျည်ဆံတောင့် ၅၀ နီးပါးအား ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးထံမှ သိရ သည်။

ယင်းနေအိမ်တွင် မူးယစ်ဆေးဝါး များ ဖြန့်ဖြူးရောင်းချနေကြောင်း သ တင်းအရ သက်သေများနဲ့အတူ ဝင် ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများ အား မတွေ့ရှိဘဲ ထိုင်းနိုင်ငံထုတ် ၉-မမ ကျည် ၄၇ တောင့်အား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရ သည်။

အဆိုပါအမျိုးသားအား မြို့မရဲစ ခန်းက လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေ ကြောင်း ယင်းရဲစခန်းမှ သိရသည်။