ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆု ထားဝယ်ခရိုင်အသင်းများ အများဆုံး ဆွတ်ခူး

0
411

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက် ကျော်ခြင်းခတ်ပြိုင်ပွဲ ပထမဆုများကို ထားဝယ်ခရိုင်အတွင်းရှိ အသင်းများက အများဆုံး ဆွတ်ခူးခဲ့သည်။
ယင်းပြိုင်ပွဲတွင် အမျိုးသမီးလေး ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားလေး ယောက်တွဲ၊ သုံးယောက်တွဲ၊ နှစ်ယောက် တွဲ စသည်ဖြင့် ပြိုင်ပွဲလေးမျိုး ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ပြိုင်ပွဲလေးမျိုးအနက် သုံးမျိုးတွင် ပထမဆုများကို ထားဝယ်နှင့် လောင်းလုံး မြို့နယ်အသင်းများ က ဆွတ်ခူးခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ် ၁၀ မြို့နယ် အပြင် မေတ္တာနှင့် ကလိန်အောင်မြို့ နှစ်ခုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပ ခဲ့သည်။
ယင်းပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ် သီရိ အားကစားကွင်းတွင် မေလ ၂၄ မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲဝင်ရောက်ရန် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၆ ဦးကို ရွေးချယ် ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။
အကြောင်းအရာ အမျိုးသမီး အမျိုးသား အမျိုးသား အမျိုးသား
လေးယောက်တွဲ လေးယောက်တွဲ သုံးယောက်တွဲ နှစ်ယောက်တွဲ
ပထမဆု လောင်းလုံးမြို့နယ် ထားဝယ်မြို့နယ် ထားဝယ်မြို့နယ် ကော့သောင်းမြို့နယ်
ဒုတိယဆု ကျွန်းစုမြို့နယ် ကော့သောင်းမြို့နယ် ကော့သောင်းမြို့နယ် ဘုတ်ပြင်းမြို့နယ်