လိုင်စင်မဲ့ကား သတင်းပေးက နေအိမ်တွင်းအထိ ဝင်ဖမ်းမည်

0
559

တနင်္သာရီတိုင်းအတွင်း လိုင်စင်မဲ့ ကား အသုံးပြုမောင်းနှင်နေကြောင်း သတင်းပေးတိုင်ကြားလာပါက နေအိမ် အတွင်းထိ ဝင်ဖမ်းမည်ဖြစ်ကြောင်း အမှတ်(၁၁)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူး ရဲမှူးညီညီလှိုင်က ပြောသည်။
သတင်းပေးတိုင်ကြားလာပါက သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့ ဖြင့် ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ပြီး တိကျ မှန်ကန်စွာ သတင်းပေးရန် လိုအပ်ကြောင်း ရဲမှူး ညီညီလှိုင်က ဆိုသည်။

“သတင်းပေးတဲ့သူကို လုံးဝထုတ် မပြောဘူး၊ လျှို့ဝှက်ပေးထားမယ်”ဟု ၎င်းက ပြောသည်။
လိုင်စင်မဲ့ကား ဟုတ်/မဟုတ်ကို ပြည်သူတစ်ဦးအနေဖြင့် ခွဲခြားနိုင်ရန် ခက်ခဲသည့်အတွက် တိုင်ကြားလိမ့်မည် မဟုတ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်း ထိန်ဟောင်းရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆို သည်။
“လိုင်စင်မဲ့ကားတွေကို တာဝန်ရှိသူ တွေကပဲ ကြပ်ကြပ်မတ်မတ် စစ်ဆေး ဖမ်းဆီးသင့်တာ”ဟု အဆိုပါ အမျိုးသား က ပြောသည်။

လက်ရှိတွင် မြို့အတွင်း ဝင်/ထွက် ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ လုပ် ဆောင်နေပြီး ၂၀၁၈ ခုနှစ်အတွင်း လိုင် စင်မဲ့ကား ၁၉ စီး ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း ရဲမှူး ညီညီလှိုင်က ဆိုသည်။
လိုင်စင်မဲ့ကား မောင်းနှင်အသုံးပြု နေခြင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့အပြင် သက်ဆိုင်ရာရဲစခန်းများကိုလည်း ဖုန်း ဆက်တိုင်ကြားနိုင်ကြောင်း ၎င်းက ပြော သည်။
နှစ်အလိုက် တိုင်းအတွင်း လိုင်စင်မဲ့ကား ဖမ်းမိမှု
ခုနှစ် စီးရေ
၂၀၁၆ ၃၃
၂၀၁၇ ၅၂
၂၀၁၈ မေလအထိ ၁၉