ဝေဖန်မှုများရှိလာပြီးနောက် ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲ ကွင်းဝင်ကြေးအတွက် တင်ဒါစခေါ်

0
414

ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲတွင် ကွင်းဝင်ကြေး ကောက်ခံသည့် လုပ်ငန်း အတွက် အိတ်ပိတ်တင်ဒါလျှောက်လွှာ များကို ဇွန်လ ၂ ရက်နေ့တွင် စတင် လျှောက်ထားနိုင်ကြောင်း ထားဝယ်မြို့ နယ် အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။
အဆိုပါဘောလုံးပွဲများတွင် ကန် ထရိုက်ချပေးမှုနှင့် ပတ်သက်၍ ထား ဝယ်ဒေသခံအချို့က ပြောဆိုဝေဖန်မှုများ ရှိလာပြီးနောက် ယင်းကဲ့သို့ အိတ်ပိတ် တင်ဒါ ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အိတ်ပိတ်တင်ဒါလျှောက်လွှာများ ကို ဇွန်လ ၂ ရက်တွင် အခမဲ့လာယူ နိုင်ပြီး ဇွန်လ ၁၀ ရက်တွင် လျှောက် လွှာပိတ်မည်ဖြစ်ရာ ထားဝယ်မြို့နယ် အတွင်းရှိ စိတ်ဝင်စားသူများ လျှောက် ထားနိုင်ကြောင်း မြို့နယ်အား^ကာထံမှ သိရသည်။
ယခင်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးဆုံး ဖြတ်ချက်အရ လုပ်ကိုင်ခွင့်ပြုရာမှ ယခုနှစ်တွင် ပွင့်လင်း မြင်သာမှုရှိစေရန် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီအနေဖြင့် တင်ဒါခေါ်ခြင်းဖြစ် ကြောင်း ဦးသန်းဇော်မိုးက ရှင်းပြသည်။

“တင်ဒါအောင်တဲ့သူရဲ့ ထောက်ပံ့ မှုက ရပ်ကွက် ကျေးရွာအသင်းတွေကို အထောက်အကူဖြစ်မယ်ဆို ရွေးချယ် မှာပဲ”ဟု ၎င်းက ပြောသည်။
ကွင်းဝင်ကြေးကောက်ခံခြင်း လုပ် ငန်းအတွက် အိတ်ပိတ်တင်ဒါကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီတွင် မြို့နယ် အားကာရုံးတွင် ဖွင့်လှစ်မည် ဖြစ်သည်။

ယခင်က တစ်ဦးတစ်ယောက်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခွင့်ပြုနေရာမှ ယခုကဲ့သို့ ပွင့်လင်းမြင်သာစွာ လုပ် ဆောင်မှုကို ကြိုဆိုပြီး တင်ဒါရရှိသူက ဆုကြေးငွေများ ပိုမိုချီးမြှင့်လာနိုင်သည့် အတွက် လူငယ်များ ပိုမိုစိတ်ဝင်စားလာ မည်ဖြစ်ကြောင်း ထားဝယ်မြို့ ဒေါင်းငူ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ဆိုသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို လာမည့် ဇွန်လ ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကျေးရွာ ပေါင်းစုံပြိုင်ပွဲကို ဇူလိုင်လဆန်း တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် အား^ကာထံမှ သိရသည်။