တနင်္သာရီ အမျိုးသမီး ဘောလီဘောအသင်း ချန်ပီယံဆု မကာကွယ်နိုင်

0
447

ယမန်နှစ်က ချန်ပီယံဆု ဆွတ်ခူးခဲ့ သည့် တနင်္သာရီတိုင်းအမျိုးသမီး ဘော လီဘောအသင်းသည် ယခုနှစ်တွင် ချန် ပီယံဆုကို မကာကွယ်နိုင်ဘဲ တတိယဆု ဖြင့်သာ ကျေနပ်ခဲ့ရသည်။
တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဘောလီဘောပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးအသင်းသည် အုပ် စု ပထမဖြင့် အုပ်စုတက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ကချင်ပြည်နယ် အသင်းကို အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲ ကို တက်ရောက်နိုင်ခဲ့ကြောင်း တိုင်း အား/ကာ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က ပြောသည်။

အကြိုဗိုလ်လုပွဲတွင် မန္တလေးအသင်း ကို အရှုံးပေးလိုက်ရပြီး တစ်ဖက်အုပ်စုမှ ကယားပြည်နယ် အသင်းနှင့် ပူးတွဲ တတိယဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“အမျိုးသမီးအသင်းမှာ အကောင်း ဆုံး ကစားသမားဆုက နှစ်ယောက်ရ တယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
တနင်္သာရီ အမျိုးသမီးအသင်းတွင် စုစုပေါင်း ကစားသမား ၁၂ ဦးအနက် ယမန်နှစ်က ချန်ပီယံဆု ဆွတ်ခူးပေးခဲ့ဖူး သည့် ကစားသမား ၁၀ ဦး ပါဝင် ယှဉ် ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲကို နေပြည်တော် တွင် မေလ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပ ခဲ့ပြီး တနင်္သာရီတိုင်းမှ အမျိုးသမီး အသင်းတစ်သင်း အမျိုးသားအသင်း တစ်သင်း သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

အမျိုးသားအသင်းမှာ အုပ်စုအဆင့် မှ ထွက်ခဲ့ရကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။