သစ် တန်တစ်သောင်း ထုတ်မည်

0
464

တိုင်းအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သစ်တန် တစ်သောင်း ထုတ်ရန် လျာထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းရုံးမှ ဒုတိယအထွေထွေမန်နေဂျာက ပြောသည်။

တနင်္သာရီမြို့နယ်ရှိ သကျက်ကြိုး ဝိုင်းတွင် သစ်တန် ၅ ထောင်နှင့် ပ၀ဖိုးမဲ ကြိုးပြင်ကာကွယ်တောတွင် သစ်တန် ၅ ထောင် ထုတ်ယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းရုံးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဝေကြိုင် က ဆိုသည်။

သစ်တောဦးစီးဌာနက သတ်မှတ် လုံးပတ်ပြည့်မီသည့် အပင်များကိုသာ (ပင်ထောင်ရိုက်)ထုတ်ယူမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
“ဒီသစ်တွေကို ပြည်တွင်းသုံးဖို့ အတွက် ထုတ်ယူတာပါ”ဟု ဦးဝေကြိုင် က ဆိုသည်။
ကညင်၊ ကံ့ကော်၊ တောင်သရက် အစရှိသည့် သစ်အမျိုးအစားများကို ထုတ်ယူမည်ဖြစ်ကြောင်း အထက်ပါရုံး ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က တိုင်းအတွင်း သစ်တန် ၁၀၅၀၀ တန် ထုတ်ယူရန် လျာထားခဲ့ပြီး ၇၂၇၇ တန် ထုတ်ယူ ခဲ့ကြောင်း တိုင်းဒေသကြီး မြန်မာ့သစ် လုပ်ငန်းထံမှ သိရသည်။