ပလောက်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို သားမယားပြုကျင့်

0
640

နေအိမ်တွင် မိခင်မရှိခိုက် ဖခင် ဖြစ်သူက အသက် ၁၂ နှစ်အရွယ် သမီး အရင်းအား သားမယားပြုကျင့်မှုတစ်ခု ပုလောက်မြို့၊ ပြင်ဘု ကြီးကျေးရွာအုပ်စု၊ သင်္ကန်းကျဲကျေးရွာ တွင် မေလ ၂၆ ရက် က ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ထံမှ သိရသည်။

ခင်ပွန်းဖြစ်သူ၏ နှိပ်စက်မှုကြောင့် ဇနီးဖြစ်သူ အိမ်မှထွက်သွားစဉ် နေအိမ် တွင် ကျန်ခဲ့သည့် သမီးဖြစ်သူအား သား မယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ် ရေးမှူး ဦးအေးနိုင်က ပြောသည်။
ယင်းသို့ ပြုကျင့်သည်ကို အဖွား ဖြစ်သူအား ပြောပြပြီးနောက် ကျေးရွာ ရာအိမ်မှူးထံ တိုင်ကြားခဲ့ပြီး ရာအိမ်မှူး မှတစ်ဆင့် အကြောင်းကြားလာသည့် အတွက် မေလ ၃၀ရက်တွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သမီးအရင်းကို သားမယားအဖြစ် ပြု ကျင့်ခဲ့သူအား ပလောက်နယ်မြေရဲစခန်း က ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။