‘နိုင်ငံရေးနှင့်ဆိုင်သည့် ဟောပြောပွဲ များ မလုပ်ရ’ ညွှန်ကြားချက် ကျောင်းသားသမဂ္ဂများ ကန့်ကွက်

0
498

တက္ကသိုလ်နှင့် ကောလိပ်များတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဟောပြော ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ မလုပ်ရဆိုသည့် ညွှန်ကြားချက်ကို တနင်္သာရီတိုင်းအတွင်းရှိ တက္ကသိုလ်များ နှင့် ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂများက ကန့်ကွက်ကြောင်း မေလ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်)၊ နည်းပညာ တက္ကသိုလ် (ထားဝယ်)၊ ထားဝယ် ပညာရေးကောလိပ်၊ မြိတ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မြိတ်)၊ နည်းပညာ တက္ကသိုလ် (မြိတ်)တို့ရှိ ကျောင်းသား သမဂ္ဂများက စုပေါင်းထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၏ ညွှန်ကြားချက်က တက္ကသိုလ်များကို အမိန့်အာဏာသုံးကာ ဗဟိုချုပ်ကိုင်မှုဖြင့် ပိုမိုထိန်းချုပ်လာ သည့်အပြင် ကျောင်းသားများ၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့် အရေးများကိုလည်း ချိုးဖောက်ခံရမည့် အနေအထားဖြစ်လာကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဝေယံကျော်က ပြောသည်။

“နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟော ပြောပွဲတွေ မလုပ်ရဘူးဆိုတာကို ကျွန် တော်တို့ လက်မခံနိုင်ဘူး။ ကိုယ့်ကျောင်း မှာ (ဟောပြောပွဲများ) လွတ်လွတ်လပ် လပ် လုပ်ချင်တယ်”ဟု ကိုအောင်ဝေယံ ကျော်က ဆိုသည်။
တက္ကသိုလ်များ၊ ကောလိပ်များတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဟောပြောပွဲ များ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ ကို ခွင့်မပြုရန် အဆင့်မြင့်ပညာဦးစီးဌာန မှ မေလ ၂၁ ရက်က ယင်းလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များကို ညွှန်ကြား ထားသည်။

ယင်းအပြင် ပညာရပ်ပိုင်းဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်မည်ဆိုပါက ဟောပြောမည့်သူ၊ ဟောပြောမည့် ခေါင်း စဉ်၊ တက်ရောက်မည့် ဦးရေ စသည့် အချက်များကို ပါမောက္ခချုပ်၊ ကျောင်း အုပ်ကြီးမှတစ်ဆင့် အဆင့်မြင့်ပညာဦးစီး ဌာနတွင် သဘောထားမှတ်ချက် ယူရ မည်ဖြစ်ကြောင်း ယင်းညွှန်ကြားချက် တွင် ပါဝင်သည်။
လက်ရှိတွင် ကျောင်းသားများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားပြီး စိတ်ဝင်စားသူများကို အခြားအခမ်းအနား များတွင် ဖိတ်ကြားနိုင်ရန် အချက် အလက် လိုအပ်သည့်အတွက် ယင်းကဲ့ သို့ ညွှန်ကြားရခြင်းဖြစ်ကြောင်း ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။

ဝန်ကြီးဌာန၏ ညွှန်ကြားချက်က အမျိုးသားပညာရေး ဥပဒေပါအချက် တစ်ခုဖြစ်သည့် တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမည်ဆိုသည့်အချက်နှင့် လည်း သွေဖီလျက်ရှိကြောင်း ကျောင်းသား သမဂ္ဂများ၏ သဘောထားထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယင်းညွှန်ကြားချက်တွင်ပါဝင် သည့် နိုင်ငံရေးနှင့်ပတ်သက်သည့် ဟော ပြောပွဲများဆိုသည်မှာ မည့်သည့် ဟော ပြောပွဲများကို ဆိုလိုသနည်းဟု နည်း ပညာတက္ကသိုလ်(ထားဝယ်) ကျောင်း သားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခန့်မော် က မေးခွန်းထုတ်သည်။

“တစ်ခုရှိတာက နိုင်ငံရေးဆိုတာက ဘယ်လိုဟာကို သတ်မှတ်လဲပေါ့။ နိုင်ငံ ထဲမှာ ဖြစ်နေတာတွေ အားလုံးက နိုင်ငံ ရေးတွေ ပါတယ်လေ”ဟု ကိုအောင်ခန့် မော်ကဆိုသည်။
ဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို အချို့တက္ကသိုလ်ကျောင်းသားသမဂ္ဂ များက သမဂ္ဂတစ်ခုချင်းအလိုက် ကန့် ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်များရှိ ကျောင်းသားသမဂ္ဂများနှင့် ပူးပေါင်း ထုတ်ပြန်ခဲ့ကြသည်။