တိုင်းအတွင်း ခြောက်လဘဏ္ဍာ နှစ်အတွက် ကျပ်သန်းပေါင်းခုနှစ်သောင်းကျော် သုံးမည်

0
502

တနင်္သာရီတိုင်းတွင် ယခုနှစ်ဧပြီလ မှ စက်တင်ဘာလအထိ ခြောက်လတာ ဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် သန်း ပေါင်း ၇သောင်းကျော်ကို အသုံးပြုမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။

မီနီဘတ်ဂျက်နှစ်ဟု ခေါ်ဆိုကြ သည့် ယင်း ၆ လတာကာလအတွင်း အစိုးရနှင့် ဌာနဆိုင်ရာများက ဘဏ္ဍာငွေ ငွေကျပ်သန်းပေါင်း ၇၅၅၁၈ အသုံးပြု မည်ဖြစ်ပြီး အကြီးစားတည်ဆောက်ရေး လုပ်ငန်းများ မပါဝင်ကြောင်း တိုင်းဒေသ ကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် က ပြောသည်။
“ဒီခြောက်လဘတ်ဂျက်မှာ ရေရရှိ ရေးတို့၊ ဆိုလာမီးတို့လို အသေးစားလုပ် ငန်းတွေပဲ ပါတယ်”ဟု ဒေါ်မြင့်မြင့်ခိုင် က ပြောသည်။

ယင်းဘတ်ဂျက်ကာလ ရငွေ / သုံးငွေစာရင်းများကို လာမည့် ဇွန်လ ဆန်းတွင် အများပြည်သူသိရှိစေရန် ထုတ်ပြန်မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်က ကျပ်သန်းပေါင်း တစ်သိန်းခွဲ ကျော် အသုံးပြုခဲ့သည်။
ယမန်နှစ်၏ ရသုံးခန့်မှန်းခြေ ငွေ စာရင်းဆိုင်ရာ အချက်အလက်များ စာ စောင်ကို ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။