မြိတ်တွင် ရေလုပ်ငန်း စီးပွားရေးဇုန်သစ် တည်ဆောက်ဖွယ်ရှိ

0
431

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာတွင် ရေလုပ်ငန်း ဆိုင်ရာ စီးပွားရေးဇုန်တစ်ခု တည်ဆောက် ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။

သို့သော် မည်သည့်အချိန်တွင် မည်သည့်ကုမ္ပဏီက မည့်သည့်စီးပွား ရေးဇုန်(စီမံကိန်း)အတွက် ဝင်ရောက် ရင်းနှီးလုပ်ကိုင်မည်ကို အတိအကျ မသိ ရသေးဟု ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။
“ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဇုန် တစ်ခုလည်း ဖြစ်လာဖို့ မျှော်လင့်တယ်”ဦးစိုးပိုင်ဌေးက ပြောသည်။
စီမံကိန်းနှင့် ပတ်သက်သည့် အချက် အလက်များ မသိရသေးဟု ဆိုသော် လည်း မြိတ်မြို့နယ်ရှိ လွှတ်တော်ကိုယ် စားလှယ်များ အားလုံးက စီမံကိန်းနှင့် ပတ်သက်၍ တောထွင်ကြီးကျေးရွာသား များနှင့် မေလ ၂၈ ရက်က သွားရောက် တွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များဖြစ်သည့် ဒေါက်တာ လင်းဝေဖြိုးလတ်နှင့် ဦးတင်ဝေ၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုတို့က သွားရောက် တွေ့ဆုံခဲ့ ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ မည်ဆိုပါက ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် ဒေသခံပြည်သူများ၏ နစ်နာမှုများ မရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်အတွက် ရွာသားများနှင့် သွားရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောပြသည်။

စီမံကိန်းလုပ်ငန်းများ ဝင်ရောက် လာပါက ကျေးရွာအတွက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သော်လည်း ဂွေးဖောင် (ငါးပိ)လုပ်ငန်းအား မထိခိုက်စေလို ကြောင်း ကျေးရွာသားအချို့က ဆိုသည်။
“ရွာသားတွေအတွက် နစ်နာမှုမရှိ ရင် လက်ခံပေးမယ်”ဟု တောထွင်ကြီး ကျေးရွာနေ ဒေါ်ထွေးရီက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ရွာသားများ ၏ အကျိုးစီးပွားကို တောင်းဆိုပေးနိုင် မည့် ရွာသားများပါဝင်သည့် ကော်မတီ တစ်ခုအား ဖွဲ့စည်းပေးခဲ့ကြောင်း ဦးစိုးပိုင်ဌေးက ပြောသည်။
တောထွင်ကြီးကျေးရွာသည် မြစ် နှင့်ချောင်းများ ဝန်းရံထားသည့် ကျေးရွာ ဖြစ်ပြီး မြေဧက ၂၀၀၀ ဝန်းကျင် ကျယ် ဝန်းသည်။

အိမ်ခြေ ၉၀၊ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်နှင့် ကျောင်းသူကျောင်းသား ၇၀ ဦးကျော် တက်ရောက်နေသည့် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း တစ်ကျောင်းရှိပြီး ဒေသခံ အများစုမှာ ငါးပိလုပ်ငန်းကို အဓိကလုပ်ကိုင်ကြ ကြောင်း ယင်းကျေးရွာ ရာအိမ်မှူးထံမှ သိရသည်။