ကော့သောင်းတွင် လုံခြုံရေးကင်မရာများ ကိုယ်ထူကိုယ်ထ တပ်ဆင်

0
527

ကော့သောင်းမြို့နယ်၊ ပိတောက် ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်တွင် လုံခြုံ ရေးကင်မရာ ၄ လုံးကို မေလ ၃၁ရက်က မြို့နေ စေတနာရှင်အလှူရှင်များ စုပေါင်း ကာ ကိုယ်ထူကိုယ်ထ တပ်ဆင်ခဲ့ကြသည်။

မြို့အတွင်းဖြစ်ပွားနေသည့် ဒုစ ရိုက်မူများနှင့် မှုခင်းများ ဖော်ထုတ်ဖမ်း ဆီးရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး တပ်ဆင်ပေးခြင်းဖြစ် ကြောင်း ကင်မရာတပ်ဆင်ပေးရာတွင် ဦးဆောင်သူ ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ဆို သည်။

“တာဝန်ရှိသူတွေအနေနဲ့ ရုံးကနေ ဖုန်းနဲ့အလွယ်တကူ ကြည့်ရှုနိုင်အောင် အင်တာနက် Wifi ချိတ်ပေးထားမယ်” ဟု ဦးကျော်သက်နိုင်က ဆိုသည်။
စေတနာရှင် အလှူရှင်များပေါ် ပေါက်ပါကလည်း လူစည်ကားရာနေရာ များနှင့် လူပြတ်သည့်နေရာများတွင် ထပ်မံတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဖြစ်သင့်နေတာ ကြာပါပြီ၊ အခုဆို မြို့မှာ ထင်မှတ်မထားတဲ့ မှုခင်းဖြစ်ပွားမှု တွေကြားလာရတယ် ၊ ပြစ်မှုကျူးလွန်သူ တွေကို CCTV (လုံခြုံရေးကင်မရာ)က နေ လက်ရဖမ်းဆီးမူတွေ လုပ်နိုင်တာ ပေါ့”ဟု ပိတောက်ရွှေဝါရပ်ကွက်နေ ဦးထွန်းထွန်းက ဆိုသည်။

အဆိုပါ လုံခြုံရေးကင်မရာများ တပ်ဆင်ရာတွင် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့ကလည်း အလှူငွေထည့်ဝင် ပေးကြသည်ဟု ပိတောက်ရွှေဝါ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ခရီးသွား ဧည့်သည်များ သွားလာ လည်ပတ်သည့် ကော့သောင်းမြို့၏ အချက်အခြာကျရာ နေရာများတွင် မြို့ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ များ လက်ရှိတွင် ပျက်စီးနေပြီး ပြင်ဆင် လဲလှယ်နိုင်ခြင်း မရှိသေးကြောင်း ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးထွန်းဦးက ပြောသည်။