ကိုယ်ထူကိုယ်ထလမ်းများအတွက် စည်ပင်က ဘိလပ်မြေအိတ်ရေ တစ်သောင်းကျော် ပံ့ပိုး

0
516

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ထူကိုယ်ထခင်းသည့် ကွန်ကရစ် လမ်းများအတွက် သုံးလအတွင်း ဘိလပ် မြေအိတ်ရေ တစ်သောင်းကျော် ပံ့ပိုးခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။

အလှူရှင်များ လာရောက်လှူဒါန်း ထားသည့် ဘိလပ်မြေအိတ်များကို ကိုယ်ထူ ကိုယ်ထ ခင်းကျင်းမည့် လမ်းများအတွက် ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
လမ်းသွယ်လမ်းကြားများနှင့် ရေမြောင်း တို့ကို ပြုလုပ်ရာတွင် ယင်းနေရာတွင် နေထိုင်သူများဖြင့် ကော်မတီတစ်ခု ဖွဲ့စည်း ကာ အချိုးကျစနစ်ဖြင့် ငွေထည့် ဝင်ရပြီး လိုအပ်သည့် ဘိလပ်မြေအိတ်များကို စည်ပင်ကော်မတီက ပံ့ပိုးပေးခြင်း ဖြစ်သည်။

“စည်ပင်က ထောက်ပံ့ပေးတော့ လမ်းကလည်း အမြန်ပြီးသွားတာ ထောက်ပံ့ မှု မရရင် လမ်းခင်းဖို့ ကြန့်ကြာနေဦးမယ်”ဟု မြိတ်တောင်နယ်မြေ မြို့သစ် ၃ ရပ်ကွက် မြနန္ဒာလမ်း ကော်မတီ ဥက္ကဋ္ဌ ဦးပေါကြည်က ပြောသည်။

မြိတ်မြို့ပေါ်တွင် ကိုယ်ထူကိုယ်ထ လမ်းများကို မြိတ်တောင်နယ်မြေ၊ မြိတ် တောင်ကျေးရွာ၊ ကန်ဖျားရပ်ကွက်၊ ကန် ကြီးရပ်ကွက်၊ ကလွင်ကျေးရွာအုပ်စုနှင့် ရေပုန်းရပ်ကွက်တို့တွင် အများဆုံးခင်းနေ ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။

ဘိလပ်မြေအိတ်များကို အလှူရှင် များမှ လှူဒါန်းရန် ကမ်းလှမ်းမှုများရှိ နေပြီး ယင်းဘိလပ်မြေအိတ်များကို ကိုယ်ထ ကိုယ်ထလမ်းများအတွက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။