မော်လမြိုင် ဈေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်း မုပွန်သို့ ပြောင်းမည်

0
527

မော်လမြိုင်မြို့ ဈေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်းကို မုပွန်ရပ်ကွက်ရှိ ကျောက်မီးသွေးရုံနေရာသို့ ပြောင်းရွှေ့ မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။
အဆိုပါယာဉ်ရပ်နားစခန်းသည်ကုန်တင်ယာဉ် ဝင်ထွက်ရပ်နားသည့် နေရာဖြစ်ခြင်း၊ ပွဲရုံတန်းလည်း တည်ရှိ နေသည့်အတွက် ကားအဝင်အထွက် ရှုပ် ထွေးခြင်း ယာဉ်မတော်တဆမှု ဖြစ်ပွား နိုင်ခြင်းတို့ကြောင့် ပြောင်းရွှေ့ရန် ပြည်နယ် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ကားကွင်းထဲမှာ ပွဲရုံတို့ ကုန်စည် ဒိုင်ခန်းမတို့ ဆောက်လိုက်တော့ မြေနေ ရာ တော်တော်ကျဉ်းသွားတယ်၊ ဒီကား ကွင်းကို ကျောက်မီးသွေးရုံမှာရှိတဲ့ မီးရ ထားပိုင်မြေနေရာမှာ ပြောင်းရွှေ့သွား မယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက် ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
ကျောက်မီးသွေးရုံနေရာရှိ မြန်မာ့ မီးရထားပိုင်းမြေ ၃၇ ဧကကို ဌာနက စွန့်လွှတ်ရန် သဘောတူညီမှုရရှိထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စွန့်လွှတ်ပြီး ပါက လာမည့်နှစ်အတွင်း စီမံကိန်း စ တင်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုး ရအဖွဲ့မှ သိရသည်။

“ပြည်သူအတွက်လည်းကောင်း သွားမယ်၊ ယာဉ်မတော်တဆမှုတွေလည်း နည်းမယ်၊ မြို့အင်္ဂါရပ်နဲ့လဲ ညီသွားမယ်၊ မဟုတ်ရင် ကားတွေ ဟိုမှာရပ် ဒီမှာရပ် ဆိုတော့ ပွဲရုံတန်းက တိုင်ကြားတာတွေ ရှိတယ်၊ ပြောင်းလိုက်ရင် တော်တော်ကို အဆင်ပြေသွားမယ်”ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင် က ပြောသည်။

ဈေးကြိုအဝေးပြေးယာဉ်ရပ်နား စခန်းသည် ယခင်က မော်လမြိုင်မြို့၏ အဓိက အဝေးပြေးကားဝင်းဖြစ်ခဲ့ပြီး လှိုင်အဝေးပြေးကားဝင်း (မြေနီကုန်းအ ဝေးပြေးကားဝင်း) တည်ဆောက်ပြီး နောက်ပိုင်း ၂၀၀၅ခုနှစ်မှစကာ ကုန်တင် ယာဉ်များရပ်နားသည့် အဝေးပြေး ယာဉ် ရပ်နားစခန်းအဖြစ် သတ်မှတ်ထားသည်။
လက်ရှိတွင် ဈေးအဝေးပြေးယာဉ် ရပ်နားစခန်းတွင် တစ်ရက်လျှင် ကုန်တင် ယာဉ်အစီးရေ ၃၀ ထိ ရပ်နားပြီး တနင်္သာရီ တိုင်းသို့ ပြေးဆွဲနေသည့် အဝေးပြေး မှန်လုံယာဉ်လိုင်းဂိတ် ၂၀ ကျော်ရှိသည် ဟု ဦးကျော်ဝင်းမောင်က ပြောသည်။