ပါတီက ရာထူးမှ နုတ်ထွက်ခိုင်းဟု မွန်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးပြော

0
565

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးရာထူးမှ ပါတီက နုတ်ထွက်ခိုင်းသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က ပြောသည်။
ပါတီ၏ လုပ်ငန်းလိုအပ်ချက် ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီ၏ညွှန်ကြားချက်အတိုင်း လိုက် နာရမည်ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

“ပါတီရဲ့ လုပ်ငန်းလိုအပ်ချက်ကြောင့် ကိုယ့်သဘောဆန္ဒအလျှောက်နဲ့ နုတ် ထွက်တာ ဖြစ်တယ်”ဟု ဦးမင်းထင် အောင်ဟန်က ပြောသည်။
ဝန်ကြီးရာထူးမှ နုတ်ထွက်သော် လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည် ဟု ၎င်းက ပြောသည်။

ဦးမင်းထင်အောင်ဟန်သည် ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလ တွင် ဘိလပ်မြေဖျော်စက် စီမံကိန်းကိစ္စ၊ တင်ဒါကိစ္စများနှင့် ပတ်သက်ပြီး ပြည် သူများအကြား ဝေဖန်မှုရှိခဲ့သည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ပါတီသို့ တိုင်ကြားခံထားရသည်ဟု လည်း သတင်းထွက်ခဲ့သည်။
ဦးမင်းထင်အောင်ဟန်ကမူ ယင်း ကိစ္စများကို ငြင်းဆိုထားသည်။

“ဦးမင်းထင်အောင်ဟန်က လွှတ် တော်နဲ့တော့ ဘာမှ ပြဿနာမရှိဘူး၊ အခုလို နုတ်ထွက်ရတာက မော်လမြိုင် ဘိလပ်မြေဖျော်စက်ကိစ္စနဲ့ ပတ်သက်ပြီး နုတ်ထွက်ရတယ်လို့တော့ ကြားတယ်၊ အသေးစိတ်တော့ မသိဘူး”ဟု NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ သစ်ပုံဆိပ်မြေနေရာတွင် အကောင်အ ထည်ဖော်ခဲ့သည့် ဘိလပ်မြေစက်ရုံဖျော် စက် စီမံကိန်းနှင့် ပတ်သက်၍ လွှတ် တော်သို့ အသိမပေးဘဲ ပြည်နယ်လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်း ထင်အောင်ဟန်၏ သဘောတူလက်မှတ် ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် လွှတ်တော် တွင် ဝေဖန်မှုရှိခဲ့သည်။
ဦးမင်းထင်အောင်ဟန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စား လှယ်အဖြစ်နှင့် မော်လမြိုင်မြို့နယ် မဲ ဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရ သည်။

၎င်းသည် ပါတီကိုယ်စားလှယ် လောင်း မဖြစ်ခင်ကတည်းက ဆောက် လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအ ပါအဝင် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ခ) တို့ပါ ပြဌာန်းချက်များအရ မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက် မှုဝန်ကြီးဌာန ဝန်ကြီးဦးမင်းထင်အောင် ဟန်ကို ၎င်း၏ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။