ကော့သောင်းတွင် မော်တော်ယာဉ်အားပိတ်ဆို့၍ ရုပ်ရှင်ဆန်ဆန် လုယက်မှုဖြစ်

0
478

မော်တော်ယာဉ်အား ဆိုင်ကယ်ဖြင့် ပိတ်ဆို့၍ ရုပ်ရှင်ဆန်ဆန် လုယက်မှုတစ် ခု ကော့သောင်းမြို့တွင် မေ ၂၇ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။
သီရိမြိုင်ရပ်ကွက်ရှိ “Welcome To Kawthaung” ဆိုင်းဘုတ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခွေးဘီလူး ဟိုင်း ဂျက်ကားရှေ့တွင် ဆိုင်ကယ်နှစ်စီးဖြင့် ရုတ်တရက် ပိတ်၍ လူကို စကေဘာ ဖြင့်ထောက်ကာ ထိုးကြိတ်လုယက်ခဲ့ ကြောင်း ကာယကံရှင်ထံမှ သိရသည်။

“တိုက်မိမှာစိုးလို့ ညာဘက်ကွေ့ ချလိုက်တာ တောင်စောင်းနဲ့တိုက်ပြီး ကားရပ်သွားတယ်၊ အဲဒီချိန်မှာ လုကြ တာ”ဟု ကားပိုင်ရှင်ဖြစ်သူက ပြော သည်။
ကားသော့၊ ပိုက်ဆံအိတ်၊ ဆမ် ဆောင်းဖုန်းတို့ကို လုယူခံရပြီး အဆိုပါ ကိစ္စအား ကော့သောင်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း ၎င်းက ပြောသည်။

လုယက်မှုကျူးလွန်သူ ၄ ဦးအား ၂၄ နာရီအတွင်း ၎င်းတို့၏ ရပ်ကွက် အသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ် ကြီးပုဒ်မ ၃၉၄ (လူကို နာကျင်စေမှု လုယက်မှု)တို့ဖြင့် အမှုဖွင့်ကာ အရေး ယူဆောင်ရွက်သွားမည်ဟု ကော့သောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ဟန်ဘိုဘိုထွန်းက ဆိုသည်။

လုယက်ခံရသည့် ကာယကံရှင်၏ ပြောဆိုချက်အရ သံသယနှင့်ဖြစ်နိုင်ခြေ ရှိသူများအား ခန့်မှန်းပြီး ဖမ်းဆီးစစ် ဆေးရာမှ လုယက်ခဲ့သူများကို ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဒုရဲအုပ်က ပြောသည်။
ယခု အခင်းဖြစ်သည့်နေရာဖြစ် သည့် “Welcome To Kawthaung” ဆိုင်းဘုတ်အား မေ ၁၂ ရက်နေ့ နံနက် ကလည်း ဖျက်ဆီးခံခဲ့ရသေးသည်။

ကော့သောင်းမြို့တွင် ဆယ်ကျော် သက်လူငယ်အချို့ ညဘက်အုပ်စုဖွဲ့ ကာ ဆိုင်ကယ်ဖြင့် သွားလာတတ်ပြီး အချို့ လ lငယ်များ၏ ဆိုင်ကယ်ထိုင်ခုံ ထဲတွင် အသက်အန္တရာယ်ဖြစ်စေသည့် လက်နက်များ ပါလာလေ့ရှိကာ ခိုက်ရန် ဖြစ်ပွားချိန်တွင် အဆိုပါလက်နက်များကို အသုံးပြုတတ်ကြကြောင်း ဒေသခံများ ထံမှ သိရသည်။