စည်ပင်က ခင်းသည့် ကွန်ကရစ်လမ်း စံချိန်စံညွှန်းမပြည့်က ပြန်လျော်ခိုင်းမည်ဟုဆို

0
474

ထားဝယ်တွင် စည်ပင်သာယာရေး အဖွဲ့က လုပ်ဆောင်နေသည့် ကွန်ကရစ် လမ်းများ စံချိန်စံညွှန်းမမီပါက ပြန် လျော်ခိုင်းမည်ဖြစ်ကြောင်း မြို့နယ်စည် ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦး က ပြောသည်။

လမ်းခင်းနေခြင်းနှင့် ပတ်သက်၍ ပြည်သူများမကျေနပ်ပါက သက်ဆိုင်ရာ လမ်းကော်မတီထံ ချက်ချင်း ပြောကြား နိုင်ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“စစ်ဆေးလို့ စံချိန်စံညွှန်းမမီဘူး ဆိုရင် ပြန်ပြီးထိုးဖြိုပစ်မှာ။ ပြန်လျော် ခိုင်းမှာ”ဟု ဦးလှဦးက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်က ကျင်းပသည့် ထားဝယ်မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်။

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က တာဝန်ယူလုပ်ဆောင်ခဲ့သည့် ဆန်းချီချောင်းမြေထိန်းနံရံမှာ တည် ဆောက်ပြီး လပိုင်းအကြာတွင် ပေ ၁၀၀ ခန့် ပြိုကျခဲ့ပြီး ကျန်သည့်အပိုင်းတွင် ခိုင်မာမှုရှိစေရန် ဒေါက်တိုင်များ ထပ်မံ လုပ်ဆောင်မှုအပေါ် နည်းစနစ်မကျဟု ဆိုကာ ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။