စိတ်ကြွဆေးပြား နှစ်သောင်းနီးပါးနှင့် သေနတ်နှစ်လက် ဖမ်းမိ

0
531

ထားဝယ်မြို့နယ် ကူးတို့ရွာအနီးရှိ ရော်ဘာခြံတွင် မေလ ၂၅ ရက်က WY စိတ်ကြွဆေးပြား နှစ်သောင်းနီးပါးနှင့် လက်လုပ်သေနတ်နှစ်လက်ကို ဖမ်းမိခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရ သည်။
ကူးတို့ရွာ အရှေ့ဘက် ၃ ဖာလုံခန့် အကွာတွင်ရှိသည့် ရော်ဘာခြံတစ်ခြံရှိ တဲအိမ်သို့ သတင်းအရ သွားရောက်ရှာ ဖွေရာ ယင်းတဲအိမ်အတွင်း အမျိုးသား သုံးဦးအား တွေ့ရပြီး ဖမ်းဆီးစဉ် နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကူးတို့ရွာနေ အသက် ၃၅ နှစ် အ ရွယ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းမိပြီး တဲကြမ်းခင်းပေါ်တွင် WY စိတ်ကြွ ဆေးပြား ၄ ပြား၊ အရှည် ၃ ပေခွဲခန့်ရှိ လက်လုပ်လေသေနတ် တစ်လက်နှင့် အဆိုပါသေနတ်ဖြင့် ပစ်နိုင်သည့် ခဲသီး ၁၅၀ လုံး၊ အရှည် ၂ ပေခန့်ရှိ တူမီးသေ နတ်တစ်လက်ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။
ထို့နောက် တဲအရှေ့တွင် ရပ်ထား သည့် ဆိုင်ကယ်ကို ရှာဖွေရာအံဝှက် အတွင်းထည့်ထားသည့် WY စိတ်ကြွ ဆေးပြား ၁၈၀၀၀ ပြားကို ဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးများ ဖမ်းဆီးနေစဉ် အဆိုပါနေရာသို့ ရောက်လာသည့် ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဆိုသည်။
ဖမ်းမိသူများကို စစ်ဆေးရာ ထွက် ပြေးလွတ်မြောက်သူနှစ်ဦးနှင့် မူးယစ် ဆေးအရောင်းအဝယ်လုပ်ရန် ရောက်လာ ခြင်းဖြစ်ပြီး ထွက်ပြေးသူများမောင်းနှင် အသုံးပြုခဲ့သည့် CIVIC အနက်ရောင် ကားကို ကူးတို့ရွာရှိ ရေဆေးခုံတွင် ထပ်မံသိမ်းဆည်းခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

“ဒီအမှုကို ပြီးခဲ့တဲ့တစ်နှစ် လောက်ကတည်းက ခြေရာခံနေတာ၊ ဒီကားနဲ့ မူးယစ်ဆေးသယ်နေတယ်လို့ သတင်းရထားတာ”ဟု အဆိုပါရဲအရာ ရှိက ပြောသည်။
ဖြစ်စဉ်တွင် လွတ်မြောက်နေဆဲဖြစ် သည့် အသက်၂၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၃နှစ်အရွယ် အမျိုး သားတစ်ဦးနှင့် ဖမ်းမိသည့် အမျိုးသား နှစ်ဦးကို မူးစိတ်ပုဒ်မ ၁၉ (က) (ရောင်းချရန်အလို့ငှာ လက်ဝယ်ထား ရှိခြင်း) /၂၂(ခ) (လက်နက်သို့မဟုတ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ကို ကိုင်တွယ် အသုံးပြုကျူးလွန်ခြင်း) / ၂၁(အားပေးကူညီမှု)တို့ဖြင့် ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း ရဲမှတ်တမ်းအရ သိရသည်။