သိဒ္ဓိအောင် ကျောင်းရှေ့လမ်းကြားတွင် မူးယစ်ဆေးဝါး ရောင်းသူများ ဖမ်းမိ

0
530

မူးယစ်ဆေးဝါးများ ရောင်းချရာ နေရာတစ်ခုဟု နာမည်ကျော်သည့် မြိတ်မြို့နယ် အလယ်ကျွန်းနယ်မြေနှင့် ကန်ခေါင်းရပ်ကွက်အကြား သိဒ္ဓိအောင် ကျောင်းရှေ့လမ်းကြားတွင် မူးယစ်ဆေး ဝါးရောင်းသူများကို မေလ ၂၃ ရက်က ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။

မြိတ်မြို့နယ် နယ်ထိန်းခေါင်း ဆောင်နှင့်အဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် သိဒ္ဓိအောင်ကျောင်း ရှေ့လမ်းကြားရှိ ကွမ်းယာဆိုင်တစ်ဆိုင် တွင် မသင်္ကာဖွယ်လူငယ် ၃ ဦးအား တွေ့ရှိပြီး ရှာဖွေစစ်ဆေးခဲ့ရာ လူငယ် နှစ်ဦးထံမှ WY စိတ်ကြွဆေးပြား ၁၂၄ ပြားအား တွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
“သုံးယောက်မှာ နှစ်ယောက်မှာ ပစ္စည်းမိတယ်။ တစ်ယောက်က ပူး ပေါင်းတာပေါ့။ သူကတော့ အားပေးကူ ညီမှုနဲ့ပါ”ဟု မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

အဆိုပါ ရပ်ကွက်နှစ်ခုစပ်ကြားတွင် မူးယစ်ဆေးဝါးများကို လက်လီ^လက် ကား ရောင်းချမှုကို ထိန်းချုပ်နိုင်ရန် အတွက် ပြီးခဲ့သည့် နှစ်နှစ်ဝန်းကျင်ခန့်က ရဲကင်းတစ်ခုရှိခဲ့ဖူးသော်လည်း ရဲကင်း ပြန်လည်ရုပ်သိမ်းပြီးနောက် မူးယစ်ဆေး ဝါးရောင်းသူများ ပြန်လည်လှုပ်ရှား လာကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောသည်။
အဆိုပါ ဖမ်းဆီးမိသည့် လူငယ် ၃ ဦးအား မူးယစ်ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြိတ်မြို့မရဲစခန်း ထံမှ သိရသည်။