မြိတ်မြို့ပေါ် ၁၄ ရပ်ကွက်တွင် ဆင်တူအိမ်နံပါတ်ပြားများ တပ်ဆင်မည်

0
398

မြိတ်မြို့ပေါ် ၁၄ ရပ်ကွက်တွင် ဆင်တူအိမ်နံပါတ်ပြားများ တပ်ဆင်မည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရသည်။
ယင်းသို့ အိမ်နံပါတ်ပြားဆင်တူ တပ်ဆင်ရန် မြိတ်မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၂ ခု တို့မှ အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာ ရေး ကော်မတီတို့ ပြီးခဲ့သည့် ဧပြီလ အတွင်းက တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ခဲ့ ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ က ဆိုသည်။

အိမ်တိုင်းတွင် အနံ ၄ လက်မ၊ အလျား ၆ လက်မ အရွယ်ရှိ အပြာ ရောက်အောက်ခံတွင် အဖြူရောင် နံ ပါတ်များ ရေးခြယ်မည့် အိမ်နံပါတ်ပြား တို့အား တပ်ဆင်မည်ဖြစ်သည်။
ဆင်တူအိမ်နံပါတ်ပြားများအပြင် လမ်းသွယ်၊ လမ်းကြားတို့တွင်လည် ရပ်ကွက်နှင့် လမ်းနာမည်ပါ လမ်းညွှန် ဆိုင်ပုဒ်များအား တပ်ဆင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
“စနစ်တကျဖြစ်တဲ့ မြို့ပြမှာ အိမ် နံပါတ် လမ်းညွှန်တွေနဲ့ လိပ်စာအတိ အကျရမှာ ဖြစ်တယ်” ဟု စည်ပင်ကော် မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ဆင်တူအိမ်နံပါတ်ပြားတို့အား မေလကုန်တွင် အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း ရပ်ကွက် အုပ်ချူပ်ရေးမှူး များက ပြောသည်။
အိမ်နံပါတ်ပြားများနှင့် လမ်းညွှန် ဆိုင်းပုဒ်များအတွက် နေအိမ်တစ်ဆောင် လျှင် ငွေကျပ်နှစ်ထောင်နှုန်း ကောက်ခံ လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေး မှူးအချို့က ပြောသည်။
“စနစ်တစ်ခုဖြစ်သွားတာပေါ့ လမ်းညွှန်လို့လည်း အဆင်ပြေသွားမယ်” ဟု မြိတ်တောင်ရပ်ကွက်နေသူ ဒေါ်လှစိန် က ပြောသည်။

ယင်းကဲ့သို့ လမ်းညွှန်ပြားနှင့် အိမ်နံပါတ်ပြားတို့အတွက် ငွေကြေး ကောက် ခံမှုအပေါ် ဝေဖန်မှုတချို့လည်း ရှိနေသည်။
လမ်းအလိုက် ကောက်ခံရရှိငွေ များအတွက် ကုန်ကျစရိတ်ကို စာရင်း ရှင်းတမ်းများ ပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့က ပြောသည်။
လက်ရှိမြို့ပေါ်ရပ်ကွက်တို့တွင် အိမ်နံပါတ်ပြားများ တပ်ဆင်ထားသည့် နေအိမ်အချို့သာရှိပြီး၊ မတပ်ဆင်ရ သေးသည့် နေအိမ်များမှာ ပိုများကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်း ထံမှ သိရသည်။