တရားရုံးများ အမှုစစ်ဆေးမှု မြန်ဆန်ရေး ထားဝယ်တွင် စမည်

0
450

တရားရုံးများ အမှုစစ်ဆေးမှု မြန် ဆန်လာရေးအတွက် ရှေ့ပြေး တရားရုံး စနစ်ကို ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့ နယ်တရားရုံးတို့တွင် လာမည့် ဩဂုတ် လ ၁ ရက်မှ စတင် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

အမှုများကို မြန်ဆန်စွာ စစ်ဆေး နိုင်ရန် နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အား ကြိုတင်ညှိနှိုင်းကာ ချိန်းဆို စစ်ဆေးခြင်းနှင့် အမှုအပေါ်မူတည်ကာ အမိန့်ချမည့်ရက်ကို ရက်ပေါင်း ၉၀ /၁၈၀ အစသဖြင့် သတ်မှတ်လုပ်ဆောင် သည့် စနစ်ဖြစ်ကြောင်း တိုင်းတရား လွှတ်တော် သတင်း ပြန်ကြားရေးအဖွဲ့ဝင် ဒေါ်ချယ်ရီခင်က ရှင်းပြသည်။
“ကြိုပြင်(ညှိနှိုင်း)ခြင်းအားဖြင့် သက်သေမလာနိုင်တာတွေ မရှိတာကြောင့် အမှုရုံးချိန်းတွေ လျော့နည်းလာပြီး မြန်ဆန်လာမယ်”ဟု ဒေါ်ချယ်ရီ ခင်က ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုက ပွင့် လင်းမြင်သာသည့် သဘောဆောင်လာ သော်လည်း စောင့်ကြည့်ရမည် ဖြစ်ကြောင်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်နေ ဦးထွန်းကျော်မောင်က ဆိုသည်။
ရှေ့ပြေးတရားရုံးစနစ်ကို ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ်က တောင်ငူခရိုင်၊ ဘားအံမြို့နယ်၊ လှိုင်သာယာမြို့နယ် တရားရုံးများတွင် စတင်အကောင် အထည် ဖော်ခဲ့ကြောင်း တိုင်းတရားလွှတ်တော် ထံမှ သိရသည်။

၂၀၁၆ ခုနှစ်တွင် မုံရွာခရိုင်၊ မော်လမြိုင်ခရိုင်၊ မကွေးမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်နှင့် ပုသိမ်မြို့နယ် တို့ကို သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်တရားရုံး အပါအဝင် တစ်နိုင်ငံလုံးရှိ တရားရုံး ၁၈ ရုံးတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။