အလုပ်သမားကတ် လျှောက်သူ များအနက် သုံးဆယ်ရာ နှုန်းကျော်သာ အလုပ်ရ

0
503

တနင်္သာရီတိုင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဇန်နာဝါရီလမှ ဧပြီလအထိ လေးလတာ စာရင်းအရ အလုပ်သမားကတ် (လေဘာကတ်) လျှောက်ထားသူများ အနက် ၃၀ ရာခိုင်နှုန်းသာ အလုပ်အကိုင် ရရှိနေသည်။

ယင်းကာလအတွင်း အလုပ်သမား ကတ် လျှောက်သူများ(အသစ်လျှောက် ထားသူနှင့်သက်တမ်းတိုးသူ) စုစုပေါင်း မှာ သုံးထောင်နီးပါး(၂၇၇၃) ဦး ရှိပြီး ၎င်းတို့အနက် လူဦးရေ တစ်ထောင်နီးပါး (၉၆၃) ဦးမှာ အလုပ်ရရှိကြကြောင်း တိုင်းအလုပ်သမားညွှန်ကြားမှု ဦးစီးဌာ န၏ စာရင်းအရ သိရသည်။
အလုပ်ဝင်ရန်အတွက် အလုပ်သ မားကတ်လျှောက်သူ၏ ၃၄ ဒဿမ ၇၂ ရာခိုင်နှုန်းသာ အလုပ်အကိုင် ရရှိနေခြင်း ဖြစ်သည်။

တိုင်းအတွင်း မြို့နယ်ဆယ်မြို့ရှိရာ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မြို့ နယ်ရုံး သုံးရုံးရှိကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အလုပ်ရှာဖွေရာတွင် လစာရ နည်းပါးသည့် အလုပ်အကိုင်များသာရှိပြီး လစာအတော်အသင့်ရသည့် အလုပ် အကိုင် နည်းပါးသဖြင့် အလုပ်ရွေးသူ များအဖို့ တော်ရုံအလုပ်ရရန် မလွယ်ကူ ကြောင်း ထားဝယ်မြို့ရှိ အထည်ဆိုင် တစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မဝါဝါခိုင်က ပြော သည်။
“ကျပ်တစ်သိန်းအောက် ရတဲ့ အလုပ်တွေပဲ များတယ်”ဟု ယခင်က အလုပ်သုံးကြိမ်လျှောက်ခဲ့ဖူးသည့် မဝါဝါခိုင်က ဆိုသည်။

အလုပ်သမားကတ်ကို အသက် ၁၈ နှစ်ပြည့်သူ မည်သူမဆိုလျှောက်ထား နိုင်ကြောင်း တိုင်းအလုပ်သမား ညွှန် ကြားမှုဦးစီးဌာနထံမှ သိရသည်။