ART ဆေးသောက်နေရသူ ထားဝယ်တွင် အများဆုံး

0
633

တိုင်းအတွင်း HIV ရောဂါပိုးကူး စက်ခံရသည့်အတွက် ဆေးသောက်နေ ရသူ ထားဝယ်မြို့နယ်တွင် အများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီလအထိ ကျန်းမာ ရေးဌာန စာရင်းများအရ ထားဝယ် မြို့နယ်တွင်ART (HIV ပိုးပြန့်ပွားခြင်း အား ဟန့်တားသည့် ဆေး) သောက်နေရ သူ ၉၀၀ ဦးကျော်ရှိပြီး ကော့သောင်း မြို့နယ်တွင် ၅၀၀ ကျော်နှင့် မြိတ်မြို့နယ် တို့တွင် ၄၀၀ ဦး ဝန်းကျင်ရှိကြောင်း တိုင်းဒေသကြီး ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက် ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

အဆိုပါစာရင်းမှာ ကျန်းမာရေး ဌာနမှ ဆေးထုတ်ပေးနေသည့် လူနာ အရေအတွက်သာဖြစ်ပြီး INGO အဖွဲ့ အစည်းများမှ ဆေးထုတ်ပေးနေသူများ မပါဝင်ပေ။
“လူနာအများစုက ထိုင်းနိုင်ငံဘက် ကိုသွားပြီး ပြန်လာကြသူတွေ များတယ်”ဟု တိုင်းဒေသကြီး ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်တင့်ထွန်းက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ ဘုတ် ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့မှလွဲ၍ ကျန်သည့် မြို့နယ် ၈ ခုတွင် ART ဆေးပေးဌာနများကို ဖွင့်လှစ်ထားသည်။

ထားဝယ်မြို့နယ်ရှိ လူနာအများစု ကို INGO အဖွဲ့တစ်ခုက လွှဲပြောင်း လက်ခံထားခြင်းဖြစ်ပြီး လက်ရှိတွင် HIV ပိုးတွေ့သည့် လူနာအသစ် နည်း ပါးကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းတွင် ART ဆေး သောက်နေရသူ စုစုပေါင်း ၃၁၂၇ ဦး ရှိကြောင်း အထက်ပါဌာန၏ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ စာရင်းများအရ သိရ သည်။

ART ဆေးသောက်နေရသည့် လူ နာအရေအတွက်မှာ ၂၀၁၆ ခုနှစ်တွင် တိုင်းအတွင်း ၂၅၁၅ ဦး နှင့် ၂၀၁၇ ခုနှစ် တွင် ၃၀၂၅ ဦးရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

မြို့နယ်အလိုက် ART ဆေးသောက်နေရသည့် လူဦးရေ

ထားဝယ် ၉၀၀ ကျော်
ကော့သောင်း ၅၀၀ ကျော်
မြိတ် ၄၀၀ ကျော်
လောင်းလုံး ၃၀၀ ကျော်
သရက်ချောင်း ၃၀၀ ကျော်
ရေဖြူ ၁၀၀ ကျော်
ပုလော ၁၀၀ ကျော်
တနင်္သာရီ ၉ ဦး