မြိတ်ခရိုင် အသေ ;စားအလတ်စား လုပ်ငန်းရှင်များအသင်း ဖွဲ့မည်

0
540

မြိတ်ခရိုင် အသေးစားအလတ်စား လုပ်ငန်းရှင်များအသင်းကို ယခုနှစ် ဇူလိုင်လအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း အသင်းဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းထွန်းဦးက ပြောသည်။
မြိတ်ခရိုင် ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံး၌ မေလ ၁၉ ရက်နေ့က ပြု လုပ်သည့် အသေးစားအလတ်စား (SME)လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲ၌ ယင်းသို့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ သည်ဟု ကုန်မာဆိုင်လုပ်ငန်း လုပ်ကိုင် သည့် ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါအဖွဲ့အစည်းအား မြိတ်မြို့ နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကုန်မာဆိုင်၊ ရာဘာစိုက်ပျိုးသူများ၊ ကွမ်းသီးစိုက်သူ များ၊ အသီးအရွက်စိုက်သူများ၊ ရေလုပ် ငန်းအသေးစား လုပ်သူများ၊ စသဖြင့် လုပ်ငန်းအမျိုးအစား တစ်ဆယ်ကျော်မှ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
“အစုအဖွဲ့နဲ့သွားရင် လုပ်ငန်းတွေ က ပိုပြီးတော့ အားကောင်းလာမယ်။ လိုအပ်တဲ့ အခက်အခဲတွေကိုလည်း သက်ဆိုင်ရာကို တင်ပြတဲ့နေရာမှာ ပိုပြီး အားရှိလာမယ်”ဟု ၎င်းကဆိုသည်။

ယင်းအဖွဲ့ပေါ်ပေါက် လာပါက အသေးစား အလတ်စားလုပ်ငန်းငယ် များအနေဖြင့် လိုအပ်သော နည်း ပညာနှင့် ချေးငွေများ ရရှိရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်မည် ဖြစ်ကြောင်း မြိတ်မြို့မှ ကွမ်းသီးစိုက်ပျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်သန်း ကပြောသည်။

လက်ရှိမြိတ်ခရိုင်အတွင်း အသေး စားအလတ်စား (SME) လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းချိန်တွင် အသင်းဝင် အဖြစ် ပါဝင်ရန် အဆိုပြုထားသူ တစ် ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဦးထွန်း ထွန်းဦးက ပြောသည်။