အိုးလုပ်ရပ်ကွက်က ခြင်မွေးကန် အမြန်လာဖောက်ပေးပါ

0
377

စည်ပင်သာယာရေးနဲ့ တာဝန်ရှိသူများ ခင်ဗျား။
ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်မှာ ခြင်မွေးထားတဲ့ ရေပုပ်ကန်လိုဖြစ်နေတဲ့ချောင်းကို အမြန်ဆုံး လာဖောက်ပေးစေလို ပါတယ်။ စည်ပင်က ချောင်းလာတူးပေးတာကိုတော့ ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့ ကျေးဇူးတင်ပါ တယ်။ ဒါပေမဲ့ တစ်ပိုင်းတစ်စကြီးတော့ မထားခဲ့ကြပါနဲ့ခင်ဗျား။

အခုက ချောင်းကို ဥတံတ္တားကြီးလမ်းဆုံကနေ ကမ္ဘောဇဘဏ်အရှေ့လမ်းထဲက ချောင်းအနားထိလောက်ပဲ တူးထားပါ တယ်။ တူးလက်စကို ဆက်မတူးတော့ ရေတွေ ဆင်းစရာလမ်းမရှိဘဲ ရေကန်အရှည်ကြီးလို ဖြစ်နေပါတယ်ခင်ဗျား။
ရေစီးရေလာလည်း မကောင်းတော့ ရေပုပ်တွေနဲ့ ခြင်ပေါက်တဲ့နေရာ၊ ခြင်မွေးတဲ့ရေကန်ကြီးလို ဖြစ်နေပါတယ်။တာဝန်ရှိ သူများအနေနဲ့ လာရောက်ကြည့်ရှု စစ်ဆေးစေလိုပါတယ်။

ကျွန်တော်တို့ အမြင်အရဆိုရင် ဆက်တူးဖို့ ပိုက်ဆံမရှိဘူးဆိုရင်လည်း အစကတည်းက မတူးတာ ကောင်းပါတယ်။ တူးနိုင်ရင် ထားဝယ်မြစ်အထိ တစ်လျှောက်လုံးတူးမှ ရေစီးရေလာက ကောင်းမှာပါခင်ဗျား။ အခုလို တစ်ပိုင်းတစ်စကြီး တူးမယ်ဆိုရင်တော့ လုပ်အား၊ ငွေအား လာဖြုန်းနေသလိုပါပဲ။

ဘာကြောင့်လဲဆိုတော့ ချောင်းရေက ဆက်မစီးနိုင်တော့ ချောင်းရေနဲ့ပါလာတဲ့ အမှိုက်သရိုက်တွေဟာလည်းရေနဲ့အတူ မမျောနိုင်ဘဲ ဒီနေရာမှာပဲ ပြန်ပြည့်သွားမှာ ဖြစ်လို့ပါခင်ဗျား။ ဒါကြောင့် တူးလက်စနဲ့ မိုးမကောင်းခင် မြန်မြန်ပြန်လာတူးပေးပါလို့ တာဝန်ရှိသူများထံ အယ်ဒီတာထံပေးစာကနေ တောင်းဆိုလိုက်ပါခင်ဗျား။

ချောင်းနံဘေးက အိုးလုပ်ရပ်ကွက် သူ/သားအချို့