ထားဝယ်လူငယ် စကိတ်ကစားသမားနှစ်ဦး အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲဝင်မည်

0
372

ဗီယက်နမ်နိုင်ငံတွင် ကျင်းမည့် ငါးကြိမ်မြောက် အာဆီယံ(Free Style) စကိတ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထားဝယ် မြို့မှ လူငယ်စကိတ်ကစားသမားနှစ်ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း ကစားသမား မိဘတစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြော သည်။

ယင်းကစားသမားနှစ်ဦးမှာ ပြီးခဲ့ သည့်မတ်လက ရန်ကုန်မြို့တွင် မြန်မာ တစ်ပြည်လုံးအတိုင်းအတာဖြင့် မြန်မာ နိုင်ငံစကိတ်အားကစားအဖွဲ့မှ ကျင်းပ သည့် စကိတ်ပြိုင်ပွဲတွင် ဆုရရှိထား သည့် အသက် ၁၀နှစ်အရွယ် မောင်ဈာန်လွှမ်းထူးနှင့် အသက် ၁၈ နှစ် အရွယ် မောင်သက်ဇော်ဦးတို့ဖြစ် သည်။
“ရန်ကုန်ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း မြန်မာနိုင်ငံ စကိတ်အားကစားအဖွဲ့က သူတို့နှစ်ယောက်ကို ရွေးချယ်လိုက်တာ”ဟု ဦးသန်းဝင်းကပြောသည်။

ယင်းတို့ နှစ်ဦးအနက် မောင်ဈာန် လွှမ်းထူးမှာ နိုင်ငံတာကာပြိုင်ပွဲ အတွေ့ အကြုံမရှိသေးသော်လည်း မောင်သက် ဇော်ဦးမှာ ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် အတွေ့အကြုံ ရှိသူတစ်ဦးဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

အဆိုပါ အာဆီယံချန်ပီယံရှစ်စ ကိတ်ပြိုင်ပွဲကို လာမည့် ဇွန်လ ၂၁ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
ယင်းပြိုင်ပွဲကို ထားဝယ်ကစားသ မားနှစ်ဦးနှင့် ရန်ကုန်မြို့မှ ကစားသမား နှစ်ဦး စုစုပေါင်း ၄ ဦး သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။