ထားဝယ်တွင် Mytel ဖုန်းကတ် စတင်ရောင်းချ

0
407

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် Mytel ၏ ဖုန်းကတ်များ ထားဝယ်မြို့ရှိ ဖုန်းဆိုင်အချို့တွင် မေလ ၂၃ ရက်မှ စတင် ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။
ဖုန်းကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချနေပြီး တစ်ထောင်ကျပ် တန် နှင့် သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် များလည်း ဆိုင်အချို့တွင် ရောင်းချပေး နေပြီဖြစ်ကြောင်း ဖုန်းဆိုင်ပိုင်ရှင် အချို့ ထံမှ သိရသည်။

အသစ်ထွက်ရှိလာသည့် ဖုန်းကတ် အသစ်၏ဝန်ဆောင်မှုကို သိလိုသဖြင့် အစမ်းအသုံးပြုရန် လာရောက်မေးမြန်း ကြိုတင်အော်ဒါမှာထားသူများလည်း ရှိ ကြောင်း ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက် ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အော်ဒါမှာထားတဲ့သူ အယောက် ၂၀ လောက်ရှိနေပြီ”ဟု ၎င်းက ဆို သည်။
Mytel ဖုန်းလိုင်းများမှာ သင်္ကြန် ပြီးကတည်းက ဆယ်သွယ်ပြောဆိုနိုင် နေပြီဖြစ်ကြောင်း ဖုန်းဆိုင်ပိုင်ရှင်အချို့ က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ထားဝယ် မြို့ရှိMytel ကုမ္ပဏီ၏ ထားဝယ်ရုံး တာဝန်ခံထံ သွားရောက်မေးမြန်းရာ လက်ရှိ တွင် သတင်းထုတ်ပြန်ရန် မရှိ သေးဘဲ တရားဝင် ဖွင့်ပွဲလုပ်သည့်နေ့တွင်သာ သတင်းအချက်အလက် အပြည့်အစုံကို ထုတ်ပြန်မည်ဟု ပြောသည်။