ပြည်သူ့အား လိုအပ်ပါသည်

0
461

“ပြည်သူ့အား လိုပါသည်”သည်လို ပြောမည်ကြံတိုင်း ဆရာမင်းခန့်၏ “ပြည်သူကို ပြန်ပြန်မခိုင်းပါနဲ့” ဆောင်း ပါးခေါင်းစဉ်ကို ပြန်ပြန်သတိရသည်။ အဲသည်ကြောင့်ပဲ ပြည်သူ့အားကို လို အပ်သည့် ပြည်သူ့ကျန်းမာရေးအကြောင်း ဆက်မရေးဖြစ်ခဲ့တာ လပေါင်းကြာလာခဲ့ ပါပြီ။ ခု သွေးလွန်တုပ်ကွေးတွေ ပြည် သူ့အကြား များပြားစွာ ကူးစက်ပျံ့နှံ့မှု ဖြစ်လာပြီး သေပျောက်တာတွေ ရှိလာ ချိန်မှာတော့ အားတင်းပြီးရေး ဖြစ်သည်။ ပြည်သူ့အားကို ကျွန်တော်တို့ လိုအပ်ပါ သည်။

နိုင်ငံသည် ဖွံ့ဖြိုးလာကာစ နိုင်ငံ ဖြစ်သည့်အားလျော်စွာ မူရင်းမဆွကပင် လျှင် Double Burden လို့ ခေါ်ရမည့် အစွန်းတရားနှစ်ဘက်ကို ရင်ဆိုင်ကြရပါ သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ပျောက်ကွယ် သွားပြီးလေသော ဝမ်းပျက်၊ ဝမ်းလျှော၊ ငှက်ဖျား၊ တီဘီ အစရှိသော ကူးစက် ရောဂါများကို နိုင်နိုင်နင်းနင်း မနှိမ်နင်း နိုင်သေးပါ။ တစ်ချိန်တည်းမှာ ကမ္ဘာပြား ခြင်းသက်ရောက်မှုအရ ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ လတ်တလောဖြစ်လာသော မကူး စက်နိုင်သော ရောဂါများဖြစ်သည့် အဝ လွန်ရောဂါ၊ သွေးတိုး၊ ဆီးချို အစရှိသည့် ရောဂါတို့ ဖိစီးမှုကို သက်ရောက်ခံကြရပါ သည်။

သည်ထက် ဇာတ်နာတာက ကမ္ဘာ့ မြို့ပြဖြစ်ထွန်းလာမှု အကျိုးသက်ရောက် ချက် Globalization Effect အရ တောမှာဖြစ်သည့် ငှက်ဖျား၊ သွေးလွန် တုပ်ကွေးတို့တွင်လည်း ယခင်လို နယ်မြေ အကန့်အသတ်မရှိတော့။ တောကရောဂါ မြို့ရောက်၊ မြို့ကရောဂါ တောရောက် ဖြစ်လာသည့်အနေ အထားတွင် အတော် အလုပ်လုပ်နိုင်ပါမှ အသေအပျောက်တွေ နည်းလာမည့် အရေးဖြစ်ပါ၏။

သူများတွေနိုင်ငံမှာ ထိန်းချုပ်နိုင် လေပြီးသော ရောဂါများကို ကျွန်တော်တို့ ထိန်းချုပ်ရာမှာ အခက်အခဲတွေ ဝန်ထုပ် ဝန်ပိုးတွေက နှစ်ဆမက သုံးဆမက အခက် အခဲတွေ ရှိပါသည်။ လတ်တလော သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွားနေ ချိန်ဖြစ်သဖြင့် ယင်းရောဂါ ကာကွယ်နှိမ် နင်းဖို့ အရေးကြီးပုံကို သာဓက ဆောင် ပါမည်။

သွေးလွန်တုပ်ကွေးဟူသည်
အေးဒီးအမည်ရှိ ရေကြည်ရေသန့် မှာ ပေါက်ပွားသည့် နေ့အချိန်မှာ ကိုက် သောခြင်ကျားကြောင့် ပျံ့ပွားကူးစက် သော သွေးလွန်တုပ်ကွေးသည် ယခင်က အချိန်၊ ကာလ၊ နေရာ၊ အသက်အရွယ် ရွေးသည့်ရောဂါအဖြစ် သိမှတ်ခဲ့ကြရာမှ ယခုအခါ ရာသီမရွေး၊ အသက်အရွယ် မရွေး၊ တောရောမြို့ပါ ဖြစ်ပွားနိုင်သည့် ရောဂါ ဖြစ်လာပါသည်။
ယခင်က ဖေဖော်ဝါရီ ၊ မတ်လမှာ ဖြစ်ပွားမှု တဖြည်းဖြည်းချင်း တက်လာပြီး ကျောင်းဖွင့်ရာသီ မေ၊ ဇွန်မှာ အမြင့်ဆုံး ကူးစက်တတ်ကာ မိုးရွာသွန်းချိန် ဇူလိုင်၊ ဩဂုတ်မှာ ကျသွားတတ်ပါ၏။ နိုဝင် ဘာ၊ ဒီဇင်ဘာမှာ မရှိသလောက် ဖြစ်သည်။

ယခု ရာသီမရွေး ဖြစ်သည်။
ယခင်က မြို့ပြရောဂါဖြစ်ပြီး ကျေး လက်မှာ မဖြစ်တတ်။ ယခု တောရော မြို့ပါ ဖြစ်သည်။
ယခင်က အသက်ခြောက်လမှ အ သက်တစ်ဆယ့်လေးနှစ်အတွင်းသာ ဖြစ် များသည်ဟု ယေဘုယျ လက်သင့်ခံထား ကြသည်။ ယခု လူကြီးတွေများတွင်ပါ ဖြစ်ပွားလာပြီး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ သည်။
သွေးလွန်တုပ်ကွေးသည် သွေးလန့် သည့်အဆင့်ရောက်ပါက အသက်သေ ဆုံးနိုင်သည့် ရောဂါဖြစ်ပါ၏။
ဖြစ်ပွားနှုန်းက ကမ္ဘာမှာရော မြန် မာတွင်ပါ တစ်နှစ်ပြီးတစ်နှစ် တရိပ်ရိပ် တက်လာသည်။

ကျေးလက်လူဦးရေနှင့် ကျန်းမာ ရေးဝန်ထမ်း လွှမ်းခြုံမှုအချိုး
ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းသည် နယ်ပယ်ကျယ်ပြန့်ပါ ၏။ တြိဂံပုံနှင့် နှိုင်းယှဉ်ပြောရလျှင် မြို့ ပြလူဦးရေသည် တြိဂံ၏ထိပ်ပိုင်းဖြစ် သည်။ တောရွာနေ လူဦးရေသည် လူဦး ရေစုစုပေါင်း၏ ၇၀ ရာနှုန်းရှိပြီး တြိဂံ၏ အောက်အခြေပိုင်းနှင့် အလားသဏ္ဌာန် တူပါသည်။ သို့သော် ကျန်းမာရေး စောင့် ရှောက်မှုပေးနေသော အနေအထားသည် တြိဂံပုံဇောက်ထိုး ဖြစ်ပါသည်။ မြို့ပြတွင် ပစ္စည်းကိရိယာနှင့် ကျန်းမာရေးဝန်ထမ်း အင်အားများသလောက် တောရွာ ကျေး လက်မှာ နည်းပါးသည်။ ယင်းအနေ အထားအရ ကျေးလက်တောရွာများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပြည်သူ့အားကို ကျွန်တော်တို့ ရယူနိုင်ဖို့ လိုအပ်ပါ သည်။
အားလုံးနားရည်ဝပြီးသား စကား ဖြစ်သည့် “ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပိုကောင်းသည်”ဟူသည့်အ တိုင်းပင် ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သလို အကုန် အကျလည်း နည်းပါးပါသည်။

သွေးလွန်တုပ်ကွေးအတွက်ဆိုလျှင်
၁။ ခြင်အကိုက်မခံရအောင် အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။
၂။ အိပ်သည့်အခါတိုင်း နေ့၊ ည မရွေး ခြင်ထောင်ဖြင့် အိပ်စက်ပါ။ ဆေး စိမ်ခြင်ထောင်ကိုလည်း အသုံးပြုနိုင်ပါ သည်။
၃။ ခြင်နိုင်ဆေးလိမ်းပါ။
စသည့် အသိပညာများကို ပြည်သူ့အကြား စိမ့်ဝင်မှတ်သား နာယူ တတ်လာရန် ကျန်းမာရေးပညာပေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်း များနှင့်အတူ လက်တွဲဝိုင်းဝန်းကြရန် များစွာ လိုအပ်သည်။
နောက်တစ်ခုက ပိုးလောက်လန်းနှင့် ခြင် ရှင်းလင်းခြင်းပါ။ သက်ကြီးခြင်တစ် ကောင်ဖြစ်လာပါမှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘ၀မှာ နှိမ်နှင်းခြင်းက ပိုမိုလွယ်ကူ ထိရောက်ပါသည်။ ခြင် ပေါက်ပွားနိုင်သည့် ပတ်ဝန်းကျင်ကို ရှင်းလင်းထားခြင်းဖြင့် မိသားစုနှင့် ပတ် ဝန်းကျင်ကို ကာကွယ်နိုင်ပါသည်။

ရောဂါထိန်းချုပ်မှု မည်သို့လုပ် ဆောင်နေကြသနည်း၊ ယခုရော ဘာတွေ လုပ်ကြမည်နည်း စသဖြင့် တွေးတောဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ပြန်လှည့် ကြည့်ရန် လိုအပ်ပါသည်။ မလေးရှားနှင့် စင်ကာပူတို့တွင် ပြည်သူ့ကျန်းမာရေး ဥပဒေတွေ အသေအချာပြဋ္ဌာန်းကာ မိမိအိမ်တွင်း ပိုးလောက်လန်း တွေ့ရှိ ပါက ပြည်သူ့ကျန်းမာရေးရဲများမှ စစ်ဆေး ကာ ပြင်းထန်သောဒဏ်ငွေ တပ်ရိုက် အရေးယူပါသည်။ မိမိအိမ်တွင်း လောက် လန်း မခိုမကပ်ဖို့ မိမိတို့တာဝန်ယူကြရ ပါသည်။

ကျွန်တော်တို့ဆီမှာလည်း ထို့နည်း တူဖြစ်ပါသည်။ သည်လို ပူးပေါင်းလုပ် ဆောင်လာဖို့ မိမိတို့ ကျန်းမာရေးဝန်ထမ်း တို့က ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ဖို့ စည်း ရုံးလျက် လူစုလျှင် အားလုံးပါဝင်မလာ ကြ။ ရံဖန်ရံခါများ မိမိတို့မှ အဲသည်အ လုပ် အရပ်ထဲလုပ်နေချိန် ထူးထူးခြားခြား အခိုင်းခံရ အစေခံရတာမျိုး ကြုံလျှင် ကြုံရတတ်ပါသေးသည်။
“တဆိတ် ဆရာမရေ၊ ကျွန်တော့် အိမ်က ဘုရားပန်းအိုးလေးပါ လဲပေးသွား ပါဦး”ဆိုတာမျိုး ကြုံရသလို
ရံဖန်ရံခါမတော့
“အဲသလောက် ရေရှားနေတဲ့အထဲ၊ ရေတွေ လာသွန်နေသေးတယ်။ ငါနဲ့ တွေ့တော့မှာပဲ”စသဖြင့် အကြိမ်းအ မောင်းလည်း ခံရတတ်ပါသည်။

Globalization Effect နှင့် ကျွန်တော်တို့
အတော်များများ တက်ကြွစွာလုပ် လိုကြသည်က ခြင်ဆေးမှုတ်ကြဖို့ ဖြစ် ပါသည်။ အမှန်က အဲသင်္ည်သါညေ ဖြန်းသည့်လုပ်ငန်းသည် သွေးလွန်တုပ် ကွေး ရောဂါကပ်အသွင် ပြန့်ပွားမှုအား ထိန်းချုပ်ခြင်း (Outbreak Control Measure)တွင်သာ အသုံးပြုကြပါသည်။

သွေးလွန်တုပ်ကွေးကြောင့် သွေး လန့်သည့် လက္ခဏာရှိသည့် ကလေးတစ် ယောက်ရှိခဲ့သည်နှင့် ပြည်သူ့ကျန်းမာမှ ဝန်ထမ်းများက အဲသည်ကလေးရှိနေသည့် နေအိမ်နှင့် ပတ်ဝန်းကျင်ကိုက်နှစ်ရာပတ် လည်ကို သက်ကြီးခြင်ကောင် နှိမ်နှင်း ရေးအတွက် ခြင်ဆေးမှုတ်ကြရာမှာပဲ အသုံးပြုသည့် ဗျူဟာ ဖြစ်ပါသည်။

အလဟသကာကွယ်ရေးအတွက် ယင်း Foggan mechine ကို မသုံးကြပေမဲ့ ခေတ်အဆက်ဆက် နိုင်ငံရေးသမားတို့က အပြကောင်းလှသည့် သည်လုပ်ငန်းကို လုပ်လိုကြပါသည်။ ခြင် ခေတ္တခဏ ပျောက်ကင်းပေမဲ့ ယင်းဆေးကြောင့် ဖြစ် သော ဘေးထွက်ဆိုးကျိုးများကို ပတ်ဝန်း ကျင်က ခံရပါသည်။ ထို့ထက် ဆိုးသည် က ယင်းဆေးကို မကြာခဏ မလိုအပ် ပါဘဲ အသုံးပြုပါက ရှူမိသူတို့ အသက် ရှူလမ်းကြောင်း ရောဂါတွေအပြင် ယင်းခြင်တို့ ယင်းပိုးသတ်ဆေးကို ယဉ်ပါး စေသည့် ပြဿနာ ရှိနိုင်ပါသည်။

အဘိတ်
အဘိတ်ခေါ် လောက်လန်းသေဆေး သည် အကျိုးများပါသည်။ အန္တရာယ် မရှိ၊ သောက်သုံးရာမှာ အနံ့အသက် မကောင်းတာနှင့် ဈေးကြီးလွန်းတာကြောင့် အမြဲတစေ မသုံးနိုင်တာမှအပ အကျိုး ကျေးဇူးများပါသည်။ ငွေကြေးအင်အား အခြေအနေအရ ယင်းအဘိတ်ခတ်ခြင်းကို ပြည်သူ့ကျန်းမာမှ ရောဂါပိုးကူးစက် ပြန့်ပွားမှု အများဆုံးအချိန်၊ အများဆုံး မြို့နယ်မှာ အဲသည်အဘိတ်ခတ်တာကို လုပ်ဆောင်တတ်ကြပါသည်။

လတ်တလော အခြေအနေ
သွေးလွန်တုပ်ကွေးသည် ရန်ကုန် တိုင်းအတွင်း ယခုနှစ်ဖြစ်ပွားမှု ယခင်နှစ် ကထက် မများခဲ့သော်လည်း မြိတ်ဆေးရုံ ကြီး၏ အချက်အလက်များအရ ယခုနှစ် ဖြစ်ပွားမှု များပြားပါသည်။ ဇန်နဝါရီလ အတွင်း ကလေးကုသဆောင်တွင် အတွင်းလူနာအဖြစ် ကုသမှုခံယူသူ ၂၀ ကျော်မှသည် လစဉ်ဆတိုး တိုးတက် ကူးစက်လာခဲ့သည်။ ယခုလအတွင်း အတွင်း လူနာတစ်ရာကျော်ရှိလာပြီး သေဆုံးသူ ကလေးနှစ်ဦးရှိလာခဲ့ပြီး ယင်း ကိန်းဂဏန်းများတွင် လူကြီးလူနာမပါဝင် သေးသလို ပြင်ပပုဂ္ဂလိကဆေးရုံဆေး ခန်းများမှ ကိန်းဂဏန်း မပါဝင်သေးပါ။ သည့်အတွက် အားစိုက်ကာ ကာကွယ်နှိမ် နင်းရေးလုပ်ငန်းကို ကျောင်းဖွင့်ချိန်က လေးများစုစည်းမိပြီး အလွယ်တကူ ကူးစက်ပျံ့နှံ့မည့်အချိန်မကျမီ ကာကွယ် ရေးလုပ်ငန်းများ အားလုံး ဝိုင်းဝန်းလုပ် ဆောင်ကြရမည့် အချိန်လည်း ဖြစ်ပါသည်။

တစ်အိမ်ထောင်တည်း လုပ်ရုံနှင့် ကာကွယ်နိုင်သော ရောဂါမဟုတ်ပါ။ တစ်အိမ်ချင်းမှသည် တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး ညီညွတ်စွာ ကာကွယ်နှိမ် နင်းပါမှ ယင်းကပ်အသွင် ရောဂါပိုးကူး စက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါ သည်။

လတ်တလော ကြွေးကြော်နေသော Universal Health Coverage ၏ အခြေခံသည်လည်း ပြည်သူ့အားကိုလျှင် အခြေခံရယူဖို့ ဖြစ်ပါ၏။ မိမိတို့ ကျန်း မာရေးဝန်ထမ်းအင်အားဖြင့် အဘယ်မှာ အလုံးစုံကို လုပ်ဆောင်နိုင်ပါမည်နည်း။ မိမိတို့ဘက်မှ ကျန်းမာရေးပညာပေးပြီး အားလုံးက ဝိုင်းကြဝန်းကြပါဝင်ကြပါမှ သာလျှင် သည်စိန်ခေါ်မှုများကို ကျော် လွှားနိုင်ပေမည်ဖြစ်သည့် အားလျော်စွာ ယင်း ကူးစက်ရောဂါများကြောင့် မိမိတို့ ချစ်လှစွာသော သွေးချင်းသားချင်း ရင်နှစ်သည်းချာတို့အသက်ကို အချိန်မီ ကယ်တင်ကြပါစို့၊ ဝိုင်းကြ ဝန်းကြပါ စို့ဟု တိုက်တွန်းချင်ပါသည်။