အဓိဋ္ဌာန်ခွက်ထဲမှ ရွှေယူထွက်ပြေးသည့် ပယောဂဆရာ

0
425

ပယောဂကုဆရာ အယောင်ဆောင် ကာ ရွှေယူထွက်ပြေးမှုတစ်ခု မြိတ်မြို့ နယ်၊ တညက်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့ ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရွာသားများထံမှ သိရသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာ ရီခွဲအချိန်ခန့်က တညက်ကျေးရွာအုပ်စု၊ စားမြိန်တောင်ရွာရှိ နေအိမ်တစ်အိမ်သို့ အသက် ၅၀ ခန့်ရှိ (အမည်မသိ) ပယော ဂဆရာတစ်ဦးရောက်ရှိလာပြီး ရောဂါကု ပေးမည်ဟုဆိုကာ အဓိဋ္ဌာန်ခွက်ထဲသို့ ပိုင်ဆိုင်သည့်ရွှေများထည့်ရန် ပြောဆိုခဲ့ ကြောင်း အုပ်ချုပ်ရေးမှူး ဦးနောင်နီက ပြောသည်။
ယင်းနောက် အဓိဋ္ဌာန်ဝင်မည်ဟုဆို ကာ အခြားသူများကို အိမ်ပေါ်မှဆင်း ခိုင်းခဲ့ပြီး လူနာနှစ်ဦးသာ အိမ်ပေါ်တွင် နေခိုင်းခဲ့သည်ဟု ဦးနောင်နီက ဆို သည်။

“လူနာကို မျက်စိမှိတ်ခိုင်းပြီး ယူ ပြေးသွားတာ”ဟု ၎င်းက ဆိုသည်။
အဓိဋ္ဌာန်ဆန်ခွက် ၉ ခုအတွင်းမှ ရွှေထည်များ(တစ်ကျပ်ခွဲသားခန့်)ကို တိတ်တဆိတ်ယူကာ ထွက်ပြေးသွား သည်ဟု ဦးနောင်နီက ပြောပြသည်။
ထွက်ပြေးသွားသည့် ပယောဂဆ ရာမှာ မြိတ်ဒေသခံများပြောသည့် လေ သံမျိုးမဟုတ်ဘဲ ပုလောနှင့်ထားဝယ် အသံရောနှောနေသည်ဟု သိရကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ် ဆိုတော့ အနီးအနားရွာတွေမှာ ဝိုင်းလိုက် ရှာတာ မတွေ့တော့ဘူး”ဟု တညက်ရွာ နေ ကိုခင်မောင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းများသို့ လတ်တ လော အမှုဖွင့်တိုင်ကြားထားခြင်း မရှိ သေးသော်လည်း ကာယကံရှင်များအား မေးမြန်းကာ တိုင်ကြားမည်ဖြစ်ကြောင်း တညက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနောင်နီ က ပြောသည်။
တညက်ကျေးရွာအုပ်စု၌ ရွာငယ် ၆ရွာနှင့် အိမ်ခြေတစ်ထောင်ကျော်ရှိ ကြောင်း အုပ်ချုပ်ရေးမှူးထံမှသိရသည်။