အမှိုက်ဒဏ်ကြေး ဈေးဦးပေါက်

0
448

ထားဝယ်မြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ဒဏ်ကြေးငွေ ကျပ် နှစ်သိန်း တပ်ရိုက်မည်ဟု ထုတ်ပြန်ပြီး ခုနစ်ရက်အကြာတွင် ချောင်းအတွင်းကို စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်သည့် သားသတ်လုပ်ငန်းပိုင်ရှင် တစ်ဦးကို ဈေးဦးပေါက် ဒဏ်တပ်ရိုက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

ပိန္နဲတောရပ်ကွက်ရှိ ချောင်းတစ်ခု ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ က ရေစီးရေလာကောင်းမွန်စေရန် သွား ရောက်စစ်ဆေးချိန်တွင် သားသတ်လုပ် ငန်းမှ အညစ်အကြေးအရည်များ စီး ဆင်းလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

“စစ်လို့မိတော့ ဒဏ်ရိုက်ပြီး နောက်ဆုံးအကြိမ် သတိပေးထားတယ်၊ နောက်တစ်ကြိမ်ဆို လုပ်ငန်းပိတ်သိမ်း မယ်”ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။
ဒဏ်တပ်ရိုက်ခဲ့သည့် သားသတ် လုပ်ငန်းကို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ဒဏ်ကြေးအပြင် လူနေရပ်ကွက် အတွင်း သားသတ်လုပ်ငန်း လုပ်ဆောင်ခဲ့သည့် အတွက် စီမံခန့်ခွဲရေးဒဏ်ကြေး ကျပ် ၅ သိန်းကိုလည်း တပ်ရိုက်ခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ထားဝယ်မြို့အတွင်းရှိ ချောင်း၊ မြောင်းအတွင်း နှင့် လမ်းမပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ပါက ဒဏ် ကြေးငွေ ကျပ်နှစ်သိန်း ဒဏ်တပ်ရိုက် မည်ဖြစ်ပြီး သတင်းပေးတိုင်ကြားသူကို ကျပ်တစ်သိန်းချီးမြှင့်ရန် ပြီးခဲ့သည့် မေလ ၁၄ ရက်က ပြုလုပ်သည့် ကော်မ တီအစည်းအဝေးတွင် ဆုံးဖြတ်ထား သည်။