ရန်ကုန်ပို့မည့် ကျပ်သိန်းနှစ်ရာနီးပါး တန်ဖိုးရှိ ခဲမဖြူ၊ အဖြိုက်နက် ဖမ်းမိ

0
715

ထားဝယ်မြို့ရှိ ကုန်တင်ကားဂိတ် တစ်ခုတွင် ရန်ကုန်မြို့သို့ ပို့ဆောင်မည့် ကျပ်သိန်းနှစ်ရာနီးပါးတန်ဖိုးရှိသည့် တ ရားမဝင် ခဲမဖြူ၊ အဖြိုက်နက်များကို မေလ ၂၃ ရက်က ဖမ်းမိခဲ့ကြောင်း ထား ဝယ်မြို့မရဲစခန်းထံမှ သိရသည်။
ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ကုသိဋာရုံကျောင်းလမ်းရှိ ကုန်တင်ကား ဂိတ်တွင် ဟိုက်ဂျက်ကားပေါ်မှ အောက် ချနေသည့် သိန်း ၁၈၀ ခန့်တန်ဖိုးရှိ တ ရားမဝင် ခဲမဖြူ၊ အဖြိုက်နက် ၆၀ အိတ် ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိ ရသည်။

အဆိုပါ ခဲမဖြူ၊ အဖြိုက်အနက်များ ကို ခွင့်ပြုချက်မရှိဘဲ ဝယ်ယူစုဆောင်း ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြသည်။
“ခဲကို ပြီးခဲ့တဲ့ ၂၀၀၉ တုန်းက တစ်ခါဖမ်းမိဖူးတယ်၊ နောက်ပိုင်း မမိ တော့ဘဲ အခုပြန်ဖမ်းမိတာပဲ”ဟု ထား ဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တရားဝင်ခွင့်ပြုချက်မရှိဘဲ ခဲမဖြူ၊ အဖြိုက်နက်များကို စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ဆောင်သည့် အမျိုးသား ၃ ဦးကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ-၃၁ ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းအရ သိရသည်။