မွန် ဆားကြမ်းအထွက် လျာထားချက်မမီ

0
516

မေလ ပထမအပတ်ခန့်က ရွာသွန်း ခဲ့သည့်မိုးကြောင့် ဆားရာသီ မကုန်မီ ဆားလုပ်ငန်းသိမ်းခဲ့ရ၍ မွန်ပြည်နယ် တွင် ယခုနှစ် ဆားအထွက် လျာထားချက် မမီဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ် လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည် နယ်)ရုံးမှ သိရသည်။
တစ်ပြည်နယ်လုံး ဆားကြမ်းတန် ချိန် ၂၇၀၀၀ ကျော်ထွက်ရန် လျာထား သော်လည်း တန်ချိန် ၂၁၀၀၀ ကျော်သာ ထွက်သည့်အတွက် လျာထားချက် အောက် ၂၀ ရာနှုန်းကျော်လျော့သည်ဟု အထက်ပါရုံး ပြည်နယ်ဦးစီးမှူးဦးခင်စိုး ထံမှ သိရသည်။

“ဆားလုပ်ငန်းမှာ အကြောက်ရဆုံး က မိုးပဲ၊ တစ်ရက်နှစ်ရက်ရွာပြီး ရပ် သွားရင် ဆက်လုပ်လို့ရတယ်၊ အခုက မိုးက ဆက်တိုက်ရွာလိုက်တော့ ဆက် လုပ်လို့ မရကြတော့ဘူး၊ ဆားရာသီမ ကုန်ခင်မှာ ဆားကွင်းသိမ်းလိုက်ကြရ တယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင် သူ ၇၀ ဦးက ဆားကွင်းဧကပေါင်း ၂၈၃၉ တွင် ဆားကြမ်းထုတ်လုပ်ခဲ့သည် ဟု ဦးခင်စိုးက ဆက်ပြောသည်။

ပုံမှန်အားဖြင့် ဆားကြမ်းထုတ် လုပ်မှုသည် ရာသီဥတုအခြေအနေ ကောင်းမွန်ပါက ဒီဇင်ဘာလခန့်မှ မေလ ကုန်ထိ ထုတ်လုပ်နိုင်ပြီး ယခုနှစ်တွင် ဧပြီလအကုန် မေလဆန်းပိုင်းခန့်က ရွာ သွန်းခဲ့သည့်မိုးကြောင့် ဆားလုပ်ငန်းများ စောပြီး သိမ်းဆည်းကြရသည်။
ဆားကြမ်း အထွက်လျော့နည်း သော်လည်း လက်ရှိဆားကြမ်းပေါက် ဈေးသည် တစ်ပိဿာ ကျပ် ၁၀၀ နှင့် ကျပ် ၁၅၀ အကြား ရှိနေသည့်အတွက် ဆားလုပ်တောင်သူများအတွက် အဆင် ပြေနေကြသည့်အနေအထားရှိသည်ဟု ပငဆား လုပ်တောင်သူများ ပြောသည်။

“ဆားတောင်သူတွေအတွက် ရင်း ရတဲ့အရင်းအနှီးနဲ့ဆိုရင် ဆားဈေးတစ်ပိ ဿာ ၁၀၀ လောက်ရနေရင် အဆင်ပြေကြ ပါတယ်၊ ဆားဈေးမတက်စေချင်ဘူး၊ ဆားကြမ်း တစ်ပိဿာ ၁၀၀ ပတ်ချာ လည်လောက်ပဲ ဖြစ်စေချင်တယ်၊ ဘာ ကြောင့်လဲဆိုတော့ ဆားဈေးတက်လာရင် နိုင်ငံခြားဆားတွေ ဝင်လာနိုင်တယ်၊ နိုင် ငံခြားဆားဝင်လာရင် ဒီကဆားက ဘယ် လိုမှ မယှဉ်နိုင်ဘူး” ဟု ပငဆားကွင်းမှ ဆားလုပ်ငန်းပိုင်ရှင် ဦးဝင်းထိန်က ပြော သည်။