ကြမ်းပိုးသတ်ဆေး ရှူမိသည့် ကျောင်းသူ နှစ်ဆယ်နီးပါး ဆေးရုံရောက်

0
578

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ နယ် ကနက်သီရိရွာရှိ စာကျက်ဝိုင်းတွင် ကြမ်းပိုးသတ်ဆေးရှူမိသည့် ကျောင်းသူ နှစ်ဆယ်နီးပါးအဆိပ်သင့်ကာ မေလ၂၀ ရက် ညက ဆေးရုံတင်ကုသလိုက်ရသည်။
ယင်းနေ့ မနက် ၁၀ နာရီခန့်တွင် ကြမ်းပိုးဆေးဖြန်းကာ အိမ်ပြန်သွားကြ ပြီး ညနေ ၆ နာရီခန့်တွင် ၉ တန်းနှင့် ၁၀ တန်းတက်မည့် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးခန့် စာလာကျက်ကြ ကြောင်း ယင်းစာကျက်ဝိုင်းတွင် စာရှင်း ပြပေးနေသည့် အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။

စာကျက်နေချိန် ည ၉ နာရီခန့်တွင် ကျောင်းသူများ အော့အန်ကာ နေမကောင်း ဖြစ်ရာမှ စတင်သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“ပထဆုံးတစ်ယောက် စဖြစ်တော့ ကြမ်းပိုးဆေးကြောင့် ဓာတ်မတည့်တာလို့ ထင်တာ၊ ကြမ်းပိုးဆေးကြောင့်မှန်းမသိ ဘဲနဲ့ ဆေးရုံတင်ပြေးမှ နောက်တစ် ယောက်(တစ်ဦးပြီးတစ်ဦး) ထပ်ဖြစ်တာ” ဟု အဆိုပါ အဝေးသင်တက္ကသိုလ် ကျောင်းသားက ဆိုသည်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားအ ရွယ်ရှိ ကျောင်းသူ ၁၅ ဦးကို ရငဲဆေးရုံမှ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆက် လက်ကုသရန် အရေးပေါ်လူနာတင်ယာဉ် များဖြင့် ညတွင်းချင်း တင်ပို့ခဲ့ကြ သည်။
ည ၁၁ နာရီခွဲခန့်တွင် ဖုန်းဖြင့် အကြောင်းကြားလာသည့်အတွက် သွား ရောက်သယ်ဆောင်ပေးခဲ့ပြီး ရငဲဆေးရုံ တွင် စောင့်ကြည့်လူနာ ၃ ဦး ကျန်ရှိနေ သေးကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာ တင်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က မေလ ၂၀ ရက် နံနက် ၁ နာရီတွင် ပြော သည်။
“စတွေ့တွေ့ချင်းတော့ လူနာရဲ့ အခြေအနေက အရမ်းစိုးရိမ်ရတဲ့ အနေ အထားဆိုပြီး တွေးမိတာပေါ့”ဟု ဦးနိုင်မျိုး သွင်က ဆိုသည်။

လူနာအများစုက အော့အန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ချိန် အ ဆမတန်မြင့်တက်ခြင်း၊ သွေးပေါင်ချိန် ကျခြင်း အစရှိသည့် လက္ခဏာများ ခံစား ရသည်ကို တွေ့ရကြောင်း ၎င်းက ပြော သည်။
လူနာများကို ဇမ္ဗူသီရိ၊ မြတ်ပါရမီ၊ ကျောက်မြောင်း ၊ အောက်သရက်ချောင်း၊ ပဲဒက်ဆေးရုံ လူနာတင်ယာဉ် အစရှိ သည့် လူနာတင်ယာဉ် ၁၅ စီးဖြင့် သယ် ဆောင်ပေးခဲ့ကြောင်း သိရသည်။